KIO အုပ်ချုပ်ဒေသ မိုင်ဂျာယန်မြို့တွင် COVID 19 ကူးစက်မှုတွေ့၊ ကာကွယ်ဆေးထိုးခြင်း ဆက်လက် လုပ်ဆောင်နေ

KIO အုပ်ချုပ်ဒေသ မိုင်ဂျာယန်မြို့တွင် COVID 19 ကူးစက်မှုတွေ့၊ ကာကွယ်ဆေးထိုးခြင်း ဆက်လက် လုပ်ဆောင်နေ
ဇူလိုင် 11, 2021 | Covid-19

ကချင်ပြည်နယ်အတွင်း KIO အုပ်ချုပ်ဒေသအတွင်းရှိ မိုင်ဂျာယန်ကျောင်းတွင် COVID 19 ကူးစက်ခံထားရသူ စတင်တွေ့ရပြီးနောက် မိုင်ဂျာယန်မြို့တွင် ကူးစက်မှုတွေ့လာရသော်လည်း လိုင်ဇာတွင် ကူးစက်မှု မရှိသေးကြောင်း ဗိုလ်ချုပ် ဂွမ်မော်က ၂၀၂၁ ခုနှစ် ဇူလိုင်လ (၁၁) ရက်နေ့တွင်  ကျောင်းသားမိဘများသို့ အသိပေးထားသည်။

KIO အုပ်ချုပ်ဒေသအတွင်း COVID 19 ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ဆောင်ရွက်နေရာ ဇူလိုင်လ (၁၀) ရက်နေ့အထိ ကာကွယ်ဆေးထိုးပြီးသူ (၂၂,၈၄၀) ဦးရှိနေပြီဖြစ်ပြီး ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်နေသည်ဟု သိရသည်။

KIO အုပ်ချုပ်ဒေသအတွင်း  မိုင်ဂျာယန်ကောလိပ်အပါအဝင် ကျောင်းများဖွင့်လှစ်ထားခြင်းဖြစ်သည်။

#TachileikNewsAgency