အိန္ဒိယနိုင်ငံက ပြန်လာသည့် အမျိုးသားနှစ်ဦးတွင် Covid-19 ပိုးတွေ့၍ ကူးစက်ခံရသူ (၃၀၀)ကျော်ရှိလာ

အိန္ဒိယနိုင်ငံက ပြန်လာသည့် အမျိုးသားနှစ်ဦးတွင် Covid-19 ပိုးတွေ့၍ ကူးစက်ခံရသူ (၃၀၀)ကျော်ရှိလာ
ဇူလိုင် 3, 2020
By Tachileik News Agency

အိန္ဒိယနိုင်ငံက ပြန်လာသည့် အမျိုးသားနှစ်ဦးတွင် Covid-19 ပိုးတွေ့၍ ကူးစက်ခံရသူ (၃၀၀)ကျော်ရှိလာ

အိန္ဒိယနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် အမျိုးသား(၂)ဦးတွင် Covid-19 ပိုး စစ်ဆေးတွေ့ရှိ၍ မြန်မာနိုင်ငံတွင် ကူးစက်ခံရသူ စုစုပေါင်းမှာ (၃၀၆)ဦးအထိ ရှိနေကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ၂၀၂၀ခုနှစ် ဇူလိုင်လ(၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အသစ်တွေ့ရသည့် နှစ်ဦးတွင် အသက်(၂၄)နှစ်အရွယ် နှင့် အသက်(၂၃)နှစ်အရွယ် အမျိုးသားများဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် နေထိုင်သူများ ဖြစ်ကြောင်းနှင့် လှိုင်မြို့နယ်တွင် Quarantine ထားရှိသူများ ဖြစ်ကြောင်း သိရသည်။

အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန အပါအဝင် ဓါတ်ခွဲဌာန(၄)ခုတွင် ၂၀၂၀ခုနှစ် ဇူလိုင်လ(၃)ရက်နေ့၏ ပထမအသုတ်အတွက် ဓါတ်ခွဲနမူနာ စုစုပေါင်း (၉၈၀)ခုကို စစ်ဆေးရာမှ (၂)ဦးတွင် ပိုးတွေ့ရှိရခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့မှ ဇူလိုင်လ(၃)ရက်နေ့အထိ Covid-19 ပိုး ကူးစက်ခံရသူ စုစုပေါင်း (၃၀၆)ဦး အထိရှိနေရာ (၆)ဦးသေဆုံးပြီး သက်သာပျောက်ကင်းသူမှာ (၂၃၇)ဦး ရှိကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~