တာချီလိတ်မြို့တွင် နွားကျောင်းနေရင်း ဆိုင်ကယ် ခိုးခံရ

တာချီလိတ်မြို့တွင် နွားကျောင်းနေရင်း ဆိုင်ကယ် ခိုးခံရ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ဆေခမ်း(ဟောင်လိတ်)အတွင်း ရှမ်းစာပေနှင့်ယဉ်ကျေးမှု အသင်းပိုင်ကွင်းအနီးတွင် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၉) ရက်နေ့ နေ့လယ်ပိုင်း၌ နွားကျောင်းနေစဉ် နွားကျောင်းသူ၏ ဆိုင်ကယ်ခိုးယူခံလိုက်ရကြောင်း သိရသည်။

ခိုးယူခံရသည့်ဆိုင်ကယ်မှာ လိုင်စင်အမှတ် SHN/3863၊ Honda Wave 125 အမျိုးအစား အနက်ရောင်ဆိုင်ကယ်ဖြစ်ပြီး စက်အမှတ်  JA211E 0299505 နှင့် ဘောင်အမှတ် MLH JA2110G5299505 ဖြစ်ကြောင်း သိရသည်။

အဆိုပါဆိုင်ကယ်အား လာရောက်ရောင်းချသည်ဖြစ်စေ၊ လမ်းတွင် တွေ့ရသည်ဖြစ်စေ ဖုန်း 09 253714753 သို့ ဆက်သွယ်အကြောင်းကြားပေးပါရန် ပိုင်ရှင်ဖြစ်သူက အကူအညီတောင်းထားသည်။

တာချီလိတ်မြို့တွင် ဆိုင်ကယ်ပျောက်ဆုံးမှု နေ့စဉ်နီးပါးဖြစ်ပွားနေကာ ယခင်က ရဲတပ်ဖွဲ့အနေဖြင့် ရံဖန်ရံခါ ဖေါ်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်ကို တွေ့ရသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ဆိုင်ကယ်ခိုးမှုများကို ရဲတပ်ဖွဲ့က ဖမ်းဆီးခြင်းမရှိတော့ဘဲ ရဲစခန်းကို သွားရောက်အကြောင်းကြားပါက ဆိုင်ကယ်ခိုးသူနှင့်ညှိနှိုင်းပေးပြီး ဆိုင်ကယ်ကို ပြန်လည်ယူပေးကာ ငွေကြေးအနေဖြင့် ဘတ်(၅,၀၀၀)မှ ဘတ်(၁၀,၀၀၀)အထိ ပေးရသည်များ ရှိကြောင်း ယင်းသို့ ပေးဆောင်ပြီး ဆိုင်ကယ်ပြန်ရရှိခဲ့သူများထံက သိရသည်။ 

#TachileikNewsAgency