တာချီလိတ်မြို့ မိုးသောက်ကြယ်အဆောက်အဦးမဲရုံတွင် မဲလက်မှတ် မှားယွင်းပုံနှိပ်ထားသည့် မဲလက်မှတ်စောင်ရေ (၁၀၀) ပြန်လည်ဆန္ဒပြုရန် မဲထည့်ချိန် ထပ်တိုးပေးထား

တာချီလိတ်မြို့ မိုးသောက်ကြယ်အဆောက်အဦးမဲရုံတွင် မဲလက်မှတ် မှားယွင်းပုံနှိပ်ထားသည့် မဲလက်မှတ်စောင်ရေ (၁၀၀) ပြန်လည်ဆန္ဒပြုရန် မဲထည့်ချိန် ထပ်တိုးပေးထား
နိုဝင်ဘာ 8, 2020
By Tachileik News Agency
တာချီလိတ်မြို့ မိုးသောက်ကြယ်အဆောက်အဦးမဲရုံတွင် မဲလက်မှတ် မှားယွင်းပုံနှိပ်ထားသည့် မဲလက်မှတ်စောင်ရေ (၁၀၀) ပြန်လည်ဆန္ဒပြုရန် မဲထည့်ချိန် ထပ်တိုးပေးထား
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်အတွင်းရှိ မိုးသောက်ကြယ်အဆောက်အဦးတွင် ဖွင့်လှစ်ထားသည့်မဲရုံ၌ ဆန္ဒမဲလက်မှတ်တွင် တာချီလိတ်မြို့နှင့် ဖယ်ခုံမြို့ကို မှားယွင်းပုံနှိပ်ထားသဖြင့်  အဆိုပါဆန္ဒမဲလက်မှတ်များဖြင့် ပေးထားသူများ ပြန်လည်ဆန္ဒပြုနိုင်ရန် မဲထည့်ချိန်ထပ်တိုးပြီး မဲပေးနေသည်။
“မယ်ခေါင်ရပ်ကွက် မဲရုံ (၁) မိုးသောက်ကြယ်မှာ မဲလက်မှတ်စာအုပ်ရဲ့ အဖုံးက တာချီလိတ်မှန်တယ်။ အတွင်းက စာရွက်တွေမှာဖယ်ခုံမြို့နယ်ဖြစ်နေတဲ့အတွက် မဲရုံမှူးရယ်၊ မဲရုံကိုယ်စားလှယ်တွေရယ်၊ ပါတီများက ပုဂ္ဂိုလ်များရယ် အားလုံးသဘောတူညီမှုလုပ်ပြီးတော့ မှားသွားတဲ့လူ (၁၀၀) ကိုလွှတ်တော်အတွက် မဲထည့်မယ်ဆိုရင် ပြန်ထည့်ပါလို့ ညှိနှိုင်းခဲ့တယ်”
ဟု တာချီလိတ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးအောင်မင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် မဲရုံအမှတ် (၁) ဖြစ်သည့် မိုးသောက်ကြယ်အဆောက်အဦးမဲရုံတွင် မွန်းလွဲ (၂) နာရီကျော်အချိန်ခန့်က မဲစာရွက်များတွင် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် (၁)အစား မဲဆန္ဒနယ်အမှတ် (၂)ဖြစ်နေခြင်း၊ တာချီလိတ်မြို့အစား ဖယ်ခုံမြို့ဖြစ်နေခြင်းကို တွေ့ရှိသဖြင့် မဲရုံမှူးနှင့် မဲရုံတာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ စောင့်ကြည့်သူများက ရွေးကောက်ပွဲကော်မရှင်သို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
“အခုမှားယွင်းသွားတဲ့လူဦးရေ (၁၀၀)ကို ရပ်ကွက်အုပ်ချုပ်ရေးကနေ တာဝန်ယူပြီး ခေါ်ပေးပါမယ်။ သူတို့ဆန္ဒအရ မဲကိုခေါ်ပေးခိုင်းမှာဖြစ်ပါတယ်။ အချိန်ကို (၃)နာရီလောက် အချိန်ထပ်ပေးထားပါတယ်။ ဒါက ပါတီတွေအားလုံး သဘောတူညီချက်ပါ”ဟု တာချီလိတ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးဘိုစံက ပြောသည်။
မဲဆန္ဒရှင်စာအုပ်အဖုံးတွင် ရေးသားထားသည်နှင့် အတွင်းရှိ ဆန္ဒမဲလက်မှတ်များ၌ ရေးသားထားသည်ကို ကွဲလွဲနေသည်ကို စိစစ်တွေ့ရသဖြင့် အဆိုပါဆန္ဒမဲလက်မှတ်နှစ်အုပ်ဖြင့် ဆန္ဒမဲပေးထားသူ (၁၀၀)ကို ပြန်လည်ခေါ်ယူပြီး ဆန္ဒမဲပေးနိုင်ရန်အတွက် ဆန္ဒမဲပေးချိန်အား အချိန် (၃)နာရီ ထပ်တိုးပေးရန် နိုင်ငံရေးပါတီများ သဘောတူညီချက်ဖြင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌက ဆုံးဖြတ်ပေးခဲ့ခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~