ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် တရုတ်ဘက်မှ မကြာခဏ မြေဝင်တူးနေ၍ အစိုးရကဖြေရှင်းပေးရန် နမ့်ခမ်းမြို့နယ်မှ အရပ်ဖက်အဖွဲ့ (၄)ခုနှင့် နိုင်ငံရေးပါတီ (၁)ခုက သဘောထားထုတ်ပြန်တောင်းဆို

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် တရုတ်ဘက်မှ မကြာခဏ မြေဝင်တူးနေ၍ အစိုးရကဖြေရှင်းပေးရန် နမ့်ခမ်းမြို့နယ်မှ အရပ်ဖက်အဖွဲ့ (၄)ခုနှင့် နိုင်ငံရေးပါတီ (၁)ခုက သဘောထားထုတ်ပြန်တောင်းဆို
အောက်တိုဘာ 18, 2019
By 🌸
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် တရုတ်ဘက်မှ မကြာခဏ မြေဝင်တူးနေ၍ အစိုးရကဖြေရှင်းပေးရန် နမ့်ခမ်းမြို့နယ်မှ အရပ်ဖက်အဖွဲ့ (၄)ခုနှင့် နိုင်ငံရေးပါတီ (၁)ခုက သဘောထားထုတ်ပြန်တောင်းဆို

တရုတ်နိုင်ငံနယ်စပ်ဖြစ်သည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာတွင် တရုတ်နိုင်ငံဘက်မှ ကျူးကျော်၍ မြောင်းလာတူးခြင်းကို ကန့်ကွက်ခဲ့ရပြီးနောက် မြန်မာ - တရုတ်နယ်စပ် ရွှေလီချိုင့်ဝှမ်းတလျှောက် တရုတ်ဘက်မှ အလားတူအပြုအမူများ မကြာခဏပြုလုပ်နေမှုအား အစိုးရအနေဖြင့် ဖြေရှင်းပေးရန် ၂၀၁၉ ခုနှစ် အောက်တိုဘာလ (၁၇)ရက်နေ့တွင် နိုင်ငံရေးပါတီတစ်ခုနှင့် လူမှုရေးအသင်းအဖွဲ့ (၄)ခုက သဘောထားထုတ်ပြန်ကြေညာသည်။

မြန်မာ - တရုတ်နယ်စပ် နယ်နမိတ်မျဉ်းနှင့်ကပ်လျက် မြန်မာနိုင်ငံဘက်ခြမ်း၊ နမ့်ခမ်းမြို့နယ်၊ နောင်ခမ်းကျေးရွာ အနီးရှိ နယ်နမိတ်မှတ်တိုင် BP (၅၇) နှင့် BP (၅၈)ကြား နောင်ခမ်းကျေးရွာနှင့် တရုတ်နိုင်ငံဘက်မှ နောင်တောင်းမြို့ကို ဆက်သွယ်ထားသည့် လမ်းဘေးမြေသားများကို တရုတ်နိုင်ငံဘက်မှ အရပ်ဝတ်လူ(၄)ဦးက ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၉)ရက်နေ့ ညသန်းခေါင်အချိန်က မြေတူးစက်ဖြင့် မြောင်းလာတူးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မြေတူးစက်က ညပိုင်းမှာလာတူးပြီး မနက်ပိုင်းမှာ ပြန်သွားတယ်။ ညသန်းခေါင်ကြီး လာတူးတာ။ နောင်ခမ်းနဲ့ တရုတ်ဘက် နောင်တောင်းမြို့နဲ့ ဆက်နေတဲ့လမ်းရဲ့ဘေးမှာ မြောင်းလာတူးတယ်။ မြန်မာဘက်ကို ပေ(၆၀)လောက် အထဲဝင်တယ်။ နယ်နမိတ်မှာ နယ်ခြားကျောက်တိုင်တွေရှိတယ်။ အဲဒါကို ကျော်ဝင်လာတာ။ သူတို့က သူတို့ဘက်မြေလိုလို လာလုပ်တာ”ဟု နမ့်ခမ်းမြို့နယ်အခြေစိုက် ရှေးဟောင်းအမွေအနှစ်နှင့် သမိုင်းဝင်နေရာများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအသင်း ဥက္ကဌ ဦးစိုင်းအောင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နောင်ခမ်းကျေးရွာဘက်သို့ တရုတ်ဘက်မှ ကျူးကျော်၍ မြေတူးသည့် မှတ်တမ်းများကို ကျေးရွာအုပ်ချုပ်ရေးမှူးက အောက်တိုဘာလ (၁၀)ရက်နေ့၌ မြို့နယ်အုပ်ချုပ်ရေးထံ တင်ပြခဲ့ရာ ယင်းနေ့မှာပင် မြို့နယ်အုပ်ချုပ်ရေးမှူးက ခရိုင်အုပ်ချုပ်ရေးမှူးထံ တင်ပြခြင်းနှင့်အတူ တရုတ်နိုင်ငံဘက် ယူနန်ပြည်နယ်မှ ရွှေလီပြည်ပဆက်ဆံရေးဌာနကိုပါ ကန့်ကွက်စာပေးပို့ထားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
တရုတ်နိုင်ငံနှင့် နယ်နမိတ်ထိစပ်နေသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်တွင် တရုတ်နိုင်ငံဘက်မှ အလားတူ ဝင်ရောက်လုပ်ဆောင်မှုများကို ၂၀၁၄ ခုနှစ်ကလည်း ကြုံခဲ့ရသည်ဟု သိရသည်။

“ဟိုးအရင် ၂၀၁၄ ခုနှစ်ကလည်း နမ့်ခမ်းမြို့နယ်ထဲက ကုန်းဆာရွာမှာ တရုတ်ဘက်က သေနတ်တွေနဲ့ စစ်သားတွေနဲ့ (၁၂)ယောက်လောက်ပါတယ်။ ဝင်လာကြတာ။ အဲဒီတုန်းက သမ္မတရုံးအထိတင်ပြလိုက်တော့ နောက်တစ်နေ့မှာ ရှမ်းပြည်နယ် ဝန်ကြီးချုပ်က လာပြီးကွင်းဆင်းစစ်ဆေးတာပေါ့။ နောက်တစ်နေ့ကျတော့ ဒီတိုင်းပဲ တရုတ်တွေက ပြန်ဆုတ်သွားပါတယ်”ဟု ဦးစိုင်းအောင်ဝင်းက ပြောသည်။

တရုတ်နိုင်ငံနှင့် နယ်နမိတ်ထိစပ်နေသည့်  ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ မူဆယ်ခရိုင်အတွင်းတွင်လည်း တရုတ်နိုင်ငံဘက်မှ ဘက်ဟိုးဖြင့် မြေဝင်တူးမှုကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့က ပန်ဆိုင်း (ကြူကုတ်)မြို့နယ်၊ ဖိုင်းကောင်းရွာအနီးတွင် ကြုံခဲ့ရသည့်အပြင် မူဆယ်မြို့ နယ်စပ်အနီးရှိ အဆောက်အဦနှင့် ပတ်သက်၍ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၇)ရက်နေ့တွင် လက်နက်ကိုင် တရုတ်ရဲတပ်ဖွဲ့က နယ်စပ်တရားမဝင်ပေါက်မှတစ်ဆင့် မူဆယ်မြို့ဘက်သို့ ဖြတ်ကျော်ကန့်ကွက်ခဲ့ခြင်းများလည်း ဖြစ်ပွားခဲ့ဖူးခြင်းဖြစ်သည်။

မူဆယ်မြို့ဘက်ရှိ နယ်စပ်အနီး အဆောက်အဦဆောက်လုပ်မှုအား ကန့်ကွက်သည်ဟုဆိုကာ တရုတ်နိုင်ငံ ကျယ်ဂေါင်နယ်ခြားစောင့် ပြောက်ကျားရဲတပ်ဖွဲ့က ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၁၇)ရက်နေ့ နံနက် (၈)နာရီ (၁၀)မိနစ်တွင် တင့်ကား(၃)စီး၊ စစ်သုံးကား (၁)စီး၊ ဘာတီအရပ်ကား အသေး(၁၁)စီးဖြင့် ရောက်လာပြီး တရုတ်နိုင်ငံဘက်အခြမ်းတွင် ကားများရပ်တန့်၍ ဆင်ဖြူဈေးပတ်လမ်း၊ မူဆယ်မြို့မရဲစခန်း၏ အနောက်ဘက် (၅)ဖာလုံခန့် နယ်ခြားမှတ်တိုင်အမှတ် BP 81 နှင့် BP 82 ကြား တရားမဝင် ဝင်ပေါက်မှနေ၍ ရဲစခန်းမှူး လီကျန်းချန်းဦးစီးသည့် တရုတ်လက်နက်ကိုင် ပြောက်ကျားရဲ (၁၃)ဦး၊ လက်နက်မဲ့ (၁၇)ဦး ပေါင်း (၃၀)ဦးတို့ တရားမဝင် ဝင်ရောက်ခဲ့ကြခြင်းဖြစ်သည်။

ယင်းကဲ့သို့ တရုတ်ဘက်မှ မကြာခဏ လုပ်ဆောင်မှုများကို နယ်စပ်ဒေသတွင် ကြုံနေရသဖြင့် အစိုးရအနေဖြင့် ဖြေရှင်းပေးရေးတိုက်တွန်းကြရန် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့က နမ့်ခမ်းမြို့နယ် မြို့မိမြို့ဖများ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ မြို့နယ်တောင်သူလယ်သမားများအသင်း၊ လူမှုညီညွတ်ရေးအသင်းနှင့် ရှေးဟောင်းအမွေအနှစ်နှင့် သမိုင်းဝင်နေရာများထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအသင်းတို့က အစည်းအဝေးကျင်းပကာ သဘောထား ထုတ်ပြန်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

Tachileik News Agency
ဓါတ်ပုံ - SNDP (နမ့်ခမ်း)

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသတြင္ တရုတ္ဘက္မွ မၾကာခဏ ေျမဝင္တူးေန၍ အစိုးရကေျဖရွင္းေပးရန္ နမ့္ခမ္းၿမိဳ႕နယ္မွ အရပ္ဖက္အဖြဲ႕ (၄)ခုႏွင့္ ႏုိင္ငံေရးပါတီ (၁)ခုက သေဘာထားထုတ္ျပန္ေတာင္းဆို

တရုတ္ႏုိင္ငံနယ္စပ္ျဖစ္သည့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) နမ့္ခမ္းၿမိဳ႕နယ္ ေနာင္ခမ္းေက်းရြာတြင္ တရုတ္ႏုိင္ငံဘက္မွ က်ဴးေက်ာ္၍ ေျမာင္းလာတူးျခင္းကို ကန္႔ကြက္ခဲ့ရၿပီးေနာက္ ျမန္မာ - တရုတ္နယ္စပ္ ေရႊလီခ်ိဳင့္ဝွမ္းတေလွ်ာက္ တရုတ္ဘက္မွ အလားတူအျပဳအမူမ်ား မၾကာခဏျပဳလုပ္ေနမႈအား အစိုးရအေနျဖင့္ ေျဖရွင္းေပးရန္ ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလ (၁၇)ရက္ေန႔တြင္ ႏုိင္ငံေရးပါတီတစ္ခုႏွင့္ လူမႈေရးအသင္းအဖြဲ႕ (၄)ခုက သေဘာထားထုတ္ျပန္ေၾကညာသည္။

ျမန္မာ - တရုတ္နယ္စပ္ နယ္နမိတ္မ်ဥ္းႏွင့္ကပ္လ်က္ ျမန္မာႏုိင္ငံဘက္ျခမ္း၊ နမ့္ခမ္းၿမိဳ႕နယ္၊ ေနာင္ခမ္းေက်းရြာ အနီးရိွ နယ္နမိတ္မွတ္တုိင္ BP (၅၇) ႏွင့္ BP (၅၈)ၾကား ေနာင္ခမ္းေက်းရြာႏွင့္ တရုတ္ႏုိင္ငံဘက္မွ ေနာင္ေတာင္းၿမိဳ႕ကို ဆက္သြယ္ထားသည့္ လမ္းေဘးေျမသားမ်ားကို တရုတ္နုိင္ငံဘက္မွ အရပ္ဝတ္လူ(၄)ဦးက ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၉)ရက္ေန႔ ညသန္းေခါင္အခ်ိန္က ေျမတူးစက္ျဖင့္ ေျမာင္းလာတူးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ေျမတူးစက္က ညပိုင္းမွာလာတူးၿပီး မနက္ပိုင္းမွာ ျပန္သြားတယ္။ ညသန္းေခါင္ႀကီး လာတူးတာ။ ေနာင္ခမ္းနဲ႔ တရုတ္ဘက္ ေနာင္ေတာင္းၿမိဳ႕နဲ႔ ဆက္္ေနတဲ့လမ္းရဲ႕ေဘးမွာ ေျမာင္းလာတူးတယ္။ ျမန္မာဘက္ကို ေပ(၆၀)ေလာက္ အထဲဝင္တယ္။ နယ္နမိတ္မွာ နယ္ျခားေက်ာက္တုိင္ေတြရိွတယ္။ အဲဒါကို ေက်ာ္ဝင္လာတာ။ သူတုိ႔က သူတို႔ဘက္ေျမလိုလို လာလုပ္တာ”ဟု နမ့္ခမ္းၿမိဳ႕နယ္အေျခစိုက္ ေရွးေဟာင္းအေမြအႏွစ္ႏွင့္ သမုိင္းဝင္ေနရာမ်ား ထိန္းသိမ္းကာကြယ္ေစာင့္ေရွာက္ေရးအသင္း ဥကၠဌ ဦးစိုင္းေအာင္ဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေနာင္ခမ္းေက်းရြာဘက္သို႔ တရုတ္ဘက္မွ က်ဴးေက်ာ္၍ ေျမတူးသည့္ မွတ္တမ္းမ်ားကို ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးက ေအာက္တိုဘာလ (၁၀)ရက္ေန႔၌ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးထံ တင္ျပခဲ့ရာ ယင္းေန႔မွာပင္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးက ခရိုင္အုပ္ခ်ဳပ္ေရးမွဴးထံ တင္ျပျခင္းႏွင့္အတူ တရုတ္ႏုိင္ငံဘက္ ယူနန္ျပည္နယ္မွ ေရႊလီျပည္ပဆက္ဆံေရးဌာနကိုပါ ကန္႔ကြက္စာေပးပို႔ထားခဲ့ျခင္းျဖစ္သည္ဟု သိရသည္။

တရုတ္နုိင္ငံႏွင့္ နယ္နမိတ္ထိစပ္ေနသည့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) နမ့္ခမ္းၿမိဳ႕နယ္တြင္ တရုတ္ႏုိင္ငံဘက္မွ အလားတူ ဝင္ေရာက္လုပ္ေဆာင္မႈမ်ားကို ၂၀၁၄ ခုႏွစ္ကလည္း ႀကံဳခဲ့ရသည္ဟု သိရသည္။
“ဟိုးအရင္ ၂၀၁၄ ခုႏွစ္ကလည္း နမ့္ခမ္းၿမိဳ႕နယ္ထဲက ကုန္းဆာရြာမွာ တရုတ္ဘက္က ေသနတ္ေတြနဲ႔ စစ္သားေတြနဲ႔ (၁၂)ေယာက္ေလာက္ပါတယ္။ ဝင္လာၾကတာ။ အဲဒီတုန္းက သမၼတရံုးအထိတင္ျပလုိက္ေတာ့ ေနာက္တစ္ေန႔မွာ ရွမ္းျပည္နယ္ ဝန္ႀကီးခ်ဳပ္က လာၿပီးကြင္းဆင္းစစ္ေဆးတာေပါ့။ ေနာက္တစ္ေန႔က်ေတာ့ ဒီတုိင္းပဲ တရုတ္ေတြက ျပန္ဆုတ္သြားပါတယ္”ဟု ဦးစိုင္းေအာင္ဝင္းက ေျပာသည္။

တရုတ္ႏုိင္ငံႏွင့္ နယ္နမိတ္ထိစပ္ေနသည့္  ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသ မူဆယ္ခရိုင္အတြင္းတြင္လည္း တရုတ္နုိင္ငံဘက္မွ ဘက္ဟိုးျဖင့္ ေျမဝင္တူးမႈကို ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၁၉) ရက္ေန႔က ပန္ဆိုင္း (ၾကဴကုတ္)ၿမိဳ႕နယ္၊ ဖိုင္းေကာင္းရြာအနီးတြင္ ႀကံဳခဲ့ရသည့္အျပင္ မူဆယ္ၿမိဳ႕ နယ္စပ္အနီးရိွ အေဆာက္အဦႏွင့္ ပတ္သက္၍ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၁၇)ရက္ေန႔တြင္ လက္နက္ကိုင္ တရုတ္ရဲတပ္ဖြဲ႕က နယ္စပ္တရားမဝင္ေပါက္မွတစ္ဆင့္ မူဆယ္ၿမိဳ႕ဘက္သို႔ ျဖတ္ေက်ာ္ကန္႔ကြက္ခဲ့ျခင္းမ်ားလည္း ျဖစ္ပြားခဲ့ဖူးျခင္းျဖစ္သည္။

မူဆယ္ၿမိဳ႕ဘက္ရိွ နယ္စပ္အနီး အေဆာက္အဦေဆာက္လုပ္မႈအား ကန္႔ကြက္သည္ဟုဆိုကာ တရုတ္ႏုိင္ငံ က်ယ္ေဂါင္နယ္ျခားေစာင့္ ေျပာက္က်ားရဲတပ္ဖြဲ႕က ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၁၇)ရက္ေန႔ နံနက္ (၈)နာရီ (၁၀)မိနစ္တြင္ တင့္ကား(၃)စီး၊ စစ္သံုးကား (၁)စီး၊ ဘာတီအရပ္ကား အေသး(၁၁)စီးျဖင့္ ေရာက္လာၿပီး တရုတ္ႏုိင္ငံဘက္အျခမ္းတြင္ ကားမ်ားရပ္တန္႔၍ ဆင္ျဖဴေစ်းပတ္လမ္း၊ မူဆယ္ၿမိဳ႕မရဲစခန္း၏ အေနာက္ဘက္ (၅)ဖာလံုခန္႔ နယ္ျခားမွတ္တုိင္အမွတ္ BP 81 ႏွင့္ BP 82 ၾကား တရားမဝင္ ဝင္ေပါက္မွေန၍ ရဲစခန္းမွဴး လီက်န္းခ်န္းဦးစီးသည့္ တရုတ္လက္နက္ကိုင္ ေျပာက္က်ားရဲ (၁၃)ဦး၊ လက္နက္မဲ့ (၁၇)ဦး ေပါင္း (၃၀)ဦးတို႔ တရားမဝင္ ဝင္ေရာက္ခဲ့ၾကျခင္းျဖစ္သည္။

ယင္းကဲ့သို႔ တရုတ္ဘက္မွ မၾကာခဏ လုပ္ေဆာင္မႈမ်ားကို နယ္စပ္ေဒသတြင္ ႀကံဳေနရသျဖင့္ အစိုးရအေနျဖင့္ ေျဖရွင္းေပးေရးတုိက္တြန္းၾကရန္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၁၀)ရက္ေန႔က နမ့္ခမ္းၿမိဳ႕နယ္ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ ရွမ္းတုိင္းရင္းသားမ်ား ဒီမိုကရက္တစ္ပါတီ၊ ၿမိဳ႕နယ္ေတာင္သူလယ္သမားမ်ားအသင္း၊ လူမႈညီညြတ္ေရးအသင္းႏွင့္ ေရွးေဟာင္းအေမြအႏွစ္ႏွင့္ သမုိင္းဝင္ေနရာမ်ားထိန္းသိမ္းကာကြယ္ေစာင့္ေရွာက္ေရးအသင္းတုိ႔က အစည္းအေဝးက်င္းပကာ သေဘာထား ထုတ္ျပန္ခဲ့ၾကျခင္းျဖစ္သည္ဟု သိရသည္။

Tachileik News Agency
ဓါတ္ပံု - SNDP (နမ့္ခမ္း)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net