ကျောက်မဲမြို့ အင်ကြင်းတောင်ပတ်လမ်းတွင် လူငယ်နှစ်ဦးအား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းမိ

ကျောက်မဲမြို့ အင်ကြင်းတောင်ပတ်လမ်းတွင် လူငယ်နှစ်ဦးအား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းမိ
သြဂုတ် 21, 2020
By Tachileik News Agency
ကျောက်မဲမြို့ အင်ကြင်းတောင်ပတ်လမ်းတွင် လူငယ်နှစ်ဦးအား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းမိ
ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့တွင် ဩဂုတ်လ (၂၁)ရက် နံနက်ပိုင်းက မသင်္ကာဖွယ်ရာ အမျိုးသား (၂)ဦးအား စစ်ဆေးမှုများ ပြုလုပ်ရာက မူးယစ်ဆေးဝါးများတွေ့ရှိသဖြင့် ကျောက်မဲမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ကျောက်မဲမြို့မရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များက လှည့်ကင်းဆောင်ရွက်နေစဉ် ကျောက်မဲမြို့၊ ပန်ဟတ်ကျေးရွာ၊ တံခွန်တိုင်အုပ်စု၊ အင်ကြင်းတောင်၏ တောင်ပတ်လမ်းပေါ်၌ မသင်္ကာဖွယ် ရပ်ထားသော ဆိုင်ကယ်တစ်စီး နှင့် အမျိုးသား (၂)ဦးကို တွေ့ရှိ စစ်ဆေးရာမှ မူးယစ်ဆေးဝါးများကို တွေ့ရှိ ဖမ်းဆီးရမိခြင်း ဖြစ်သည်။
ပူးပေါင်းအဖွဲ့က ဆိုင်ကယ်နှင့် ၎င်းတို့နှစ်ဦးအား စစ်ဆေးရာ ဆိုင်မိန်း(ခ)အိုက်မိန်း လွယ်ထားသည့် ချည်လွယ်အိတ်နှင့် လက်ထဲတွင် ကိုင်ထားသောဗူး အတွင်းမှ ဘိန်းဖြူ ဖြူ/ဝါရောင် အမှုန့် စုစုပေါင်း (၁၂.၂)ဂရမ်နှင့် Wy စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း(၄၄၅)ပြားတို့ကို တွေ့ရှိသိမ်းဆည်းရမိပြီး မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် ဆိုင်မိန်း(ခ)အိုက်မိန်း နှင့် အောင်ကျော်မိုးတို့ နှစ်ဦးအား ကျောက်မဲမြို့မရဲစခန်းတွင် မယ(ပ) ၃၉/၂၀၂၀၊ မူး/စိတ် ပုဒ်မ ၁၉(က)/ ၂၁ ဖြင့် အမှုဖွင့်အရေးယူထားပြီး စစ်ဆေးနေလျက်ရှိကြောင်း သိရှိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~