တာချီလိတ်မြို့မှ အတည်ပြုလူနာနှင့် ထိတွေ့မှုရှိသူများ တာချီလိတ်ဆေးရုံဟောင်းရှိ Fever Clinic တွင် နံနက်(၇)နာရီမှစ၍ နံနက်(၁၀)နာရီအတွင်း COVID 19 လာစစ် နိုင်

တာချီလိတ်မြို့မှ အတည်ပြုလူနာနှင့် ထိတွေ့မှုရှိသူများ တာချီလိတ်ဆေးရုံဟောင်းရှိ Fever Clinic တွင် နံနက်(၇)နာရီမှစ၍ နံနက်(၁၀)နာရီအတွင်း COVID 19 လာစစ် နိုင်
နိုဝင်ဘာ 27, 2020
By Tachileik News Agency
တာချီလိတ်မြို့မှ အတည်ပြုလူနာနှင့် ထိတွေ့မှုရှိသူများ တာချီလိတ်ဆေးရုံဟောင်းရှိ Fever Clinic တွင် နံနက်(၇)နာရီမှစ၍ နံနက်(၁၀)နာရီအတွင်း COVID 19 လာစစ် နိုင် 
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် တစ်နေ့အတွင်း အတည်ပြုလူနာ (၆) ဦး စစ်ဆေးတွေ့ရသည့် အတွက် အတည်ပြုလူနာနှင့် ထိတွေ့မှုရှိသူများ အနေဖြင့် တာချီလိတ်ဆေးရုံဟောင်းရှိ Fever Clinic တွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ့မှစ၍ နံနက်(၇)နာရီမှ နံနက်(၁၀)နာရီအတွင်း လာရောက်အစစ်ဆေးခံနိုင်မည်ဖြစ်သည်။
“အတည်ပြုလူနာနဲ့ ထိစပ်သူတွေထဲက အခုစာရင်းမပေးရသေးတဲ့သူတွေ ဟိုတယ်ဝန်ထမ်းပဲဖြစ်ဖြစ်၊ ပြင်ပကပဲဖြစ်ဖြစ်ပေါ့ အခုဆေးရုံအဟောင်းမှာရှိတဲ့ Fever Clinic ကို မနက်ဖြန် မနက် (၇)နာရီကနေ မနက် (၁၀)နာရီအတွင်း လာပြီးတော့ COVID 19 အစစ်ဆေးခံနိုင်တယ်။ ဒီ close contact တွေကို လိုက်နေရတာ အချိန်တွေကြာတော့  အမြန်ဆုံးစစ်ပေးနိုင်အောင် ကျန်းမာရေးနဲ့ တိုင်ပင်ပြီးတော့ ခရိုင်ကော်မတီ (တာချီလိတ်ခရိုင် Coronavirus Disease 2019 (COVID-19) ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ)က ဆောင်ရွက်တာပါ။ ထိတွေ့သူတွေကို စစ်ပေးမှာ။ ကျန်တဲ့ ကိုယ့်ဘာသာ စစ်ချင်တာတွေတော့ မပါဘူး”ဟု တာချီလိတ်ခရိုင် Coronavirus Disease 2019 (COVID-19) ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ နိုဝင်ဘာလ(၂၇)ရက်နေ့တွင် ပြောသည်။
တာချီလိတ်မြို့ 1G1 ဟိုတယ်မှ အတည်ပြုလူနာနှင့် ထိတွေ့သူများထဲက (၆) ဦး၌ COVID 19 ကူးစက်ခံထားရသည်ကို တွေ့ရသဖြင့် ထိတွေ့သူအားလုံး အမြန်ဆုံးတွေ့ရှိ ကုသမှုခံယူနိုင်စေရေးအတွက် Coronavirus Disease 2019 (COVID-19) ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီနှင့် ခရိုင်ကျန်းမာရေး ဦးစီးဌာနတို့က ညှိနှိုင်းစီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။
“အခုက အုပ်စုနှစ်စုကွဲနေတယ်။ တအားကြောက်လန့်သူတွေလည်း ရှိတယ်။ လုံးဝမကြောက်သူတွေလည်း ရှိတယ်။ ဥပမာပြောရရင် home quarantine ထားလိုက်တယ်။ ဘေးအိမ်နဲ့ကလည်း သူတို့လုံလောက်တဲ့ အကွာအဝေးရှိတယ်။ ဒါပေမဲ့ အကြောက်လွန်ပြီး ဒီအိမ်ထဲကလူတွေ ဆွဲမထုတ်လားတို့ ဘာတို့ဖြစ်ကုန်တာတွေမျိုးပေါ့။ ဥပမာပြောတာပါ။ အဲဒီလို တအားကြောက်လန့်နေသူတွေအနေနဲ့ လာစစ်ချင်တယ်ဆိုရင် လာစစ်နိုင်အောင်ပေါ့။ ပြေးသွားတာထက်စာရင် လာစစ်တာကို ကျွန်တော်တို့က ကြိုဆိုရမယ်ပေါ့နော်။ အဲဒါအတွက် စစ်မှာ။ စစ်မှလည်း မိမှာ။ ဒီတိုင်းကြီး ဘာမှန်းမသိ ညာမှန်းမသိနေတာထက် စစ်လိုက်ရင် ပိုပြီး ထိန်းရသိမ်းရလွယ်မယ်။ အခုက ဟိုတယ်က လူတွေမှာ ကူးစက်ခံထားရတာ တွေ့တယ်ဆိုတော့ ဝန်ထမ်းမဟုတ်လည်း ကိုယ်က ဒီနေရာကို သွားလာခဲ့တယ်ဆိုရင် ကူးစက်နိုင်ချေရှိတယ်ယူဆပြီး လာစစ်သင့်တာပေါ့”ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်ကျော်က ပြောသည်။ 
တာချီလိတ်မြို့တွင် အခြားဒေသသို့ သွားလာခြင်းမရှိဟုဆိုသည့် ဟိုတယ်ဝန်ထမ်းတစ်ဦးတွင် နိုဝင်ဘာလ (၂၅)ရက်နေ့က COVID 19 တွေ့ရပြီးနောက် အဆိုပါအတည်ပြုလူနာနှင့် ဆက်စပ်သူ (၆)ဦးတွင် နိုဝင်ဘာလ (၂၇)ရက်နေ့၌ COVID 19 ပိုးတွေ့ရခြင်းဖြစ်သည်။
  Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~