လွိုင်ကော်မြို့နယ်တွင်း ကိုယ်ထူကိုယ်ထ COVID 19 စစ်ဆေးရေးဂိတ်များကို အာဏာသိမ်းအဖွဲ့၏ စစ်တပ်က ဖယ်ရှားနေ

လွိုင်ကော်မြို့နယ်တွင်း ကိုယ်ထူကိုယ်ထ COVID 19 စစ်ဆေးရေးဂိတ်များကို အာဏာသိမ်းအဖွဲ့၏ စစ်တပ်က ဖယ်ရှားနေ
သြဂုတ် 2, 2021 | Covid-19| ကယား

ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း COVID 19 ကာကွယ်တားဆီးရေးအတွက် ပြည်သူများက ကိုယ်ထူကိုယ်ထလုပ်ဆောင်နေသည့် စစ်ဆေးရေးဂိတ်များကို အာဏာသိမ်းအဖွဲ့၏ စစ်တပ်က အတင်းအဓမ္မလိုက်လံဖြုတ်ချနေကြောင်း သိရသည်။

ယင်းကဲ့သို့ လုပ်ဆောင်ခြင်းမှာ ကယားပြည်နယ်အတွင်း COVID 19 ပျံ့ပွားစေရန် အာဏာသိမ်းအဖွဲ့အနေဖြင့် ရည်ရွက်ချက်ရှိရှိလုပ်ဆောင်နေခြင်းဖြစ်၍ အပြင်းအထန်ရှုံ့ချကန့်ကွက်သည်ဟု KNDF က ၂၀၂၁ ခုနှစ် ဩဂုတ်လ (၂) ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

COVID 19 တတိယလှိုင်းအတွင်း ကာကွယ်တားဆီးရေးလုပ်ငန်းများနှင့် ကုသရေးတို့ကို မရနိုင်သဖြင့် ကယားပြည်နယ် လွိုင်ကော်မြို့နယ်အတွင်း ပြည်သူများက မိမိအစီအစဉ်ဖြင့် ပြုလုပ်ထားသည့် COVID 19 စစ်ဆေးရေးဂိတ်များကို လုပ်ဆောင်၍ အသွားအလာအဝင်အထွက် စိစစ်ရေးလုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း သိရသည်။