တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး ရောဂါအခံရှိသည့် အမျိုးသမီး(၁)ဦး ထပ်မံသေဆုံး၍ သေဆုံးသူ (၂၄)ဦးအထိ ရှိလာ

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး ရောဂါအခံရှိသည့် အမျိုးသမီး(၁)ဦး ထပ်မံသေဆုံး၍ သေဆုံးသူ (၂၄)ဦးအထိ ရှိလာ
သြဂုတ် 9, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင်  Covid-19 ကူးစက်ခံရပြီး ရောဂါအခံရှိသည့် အမျိုးသမီးတစ်ဦး ယနေ့ ဩဂုတ်လ(၉)ရက်နေ့ ညပိုင်းက တာချီလိတ်ပြည်သူ့ဆေးရုံကြီးတွင် သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသူမှာ တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်တွင် နေထိုင်သူ အသက်(၆၄)နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး  တာချီလိတ်ပြည်သူ့ဆေးရုံကြီးတွင် အောက်ဆီဂျင်ပေးထားကာ ဆေးဝါးကုသမှု ခံယူနေသူ ဖြစ်ကြောင်း သိရသည်။

Covid-19 ကူးစက်မှု မြှင့်တက်နေသည့် တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး ရောဂါအခံရှိ၍ ဩဂုတ်လ(၈)ရက်နေ့က တစ်နေ့တည်း သေဆုံးသူ (၅)ဦးတိတိရှိခဲ့ပြီး သေဆုံးသူ စုစုပေါင်းအနေဖြင့် ယနေ့ ဩဂုတ်လ(၉)ရက်နေ့ နံနက်ပိုင်းအထိ  အမျိုးသား(၁၂)ဦး နှင့် အမျိုးသမီး(၁၂)ဦး စုစုပေါင်း (၂၄)ဦးအထိ ရှိနေသည်။