အောက်တိုဘာလ(၈)ရက်နေ့တွင် နိုင်ငံအတွင်း Covid-19 အတည်ပြုလူနာ (၁၀,၁၂)ဦး ထပ်တိုး

အောက်တိုဘာလ(၈)ရက်နေ့တွင် နိုင်ငံအတွင်း Covid-19 အတည်ပြုလူနာ (၁၀,၁၂)ဦး ထပ်တိုး
အောက်တိုဘာ 8, 2020
By Tachileik News Agency
အောက်တိုဘာလ(၈)ရက်နေ့တွင် နိုင်ငံအတွင်း Covid-19 အတည်ပြုလူနာ (၁၀,၁၂)ဦး ထပ်တိုး
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ၂၀၂၀ခုနှစ် အောက်တိုဘာလ(၈)ရက်နေ့အတွက် ဒေသအသီးသီးက ဓါတ်ခွဲနမူနာများကို စစ်ဆေးရာ Covid-19 အတည်ပြုလူနာ စုစုပေါင်း (၁၀,၁၂)ဦး  ထပ်တိုးကြောင်း သတင်းထုတ်ပြန်ထားရှိသည်။

အတည်ပြုလူနာများထဲက သေဆုံးသူ  (၂၅)ဦး ထပ်တိုး၍ သေဆုံးသူ စုစုပေါင်း (၅၃၅)ဦးအထိ ရှိနေကြောင်းလည်း သိရသည်။

၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့က စ၍ ယနေ့အထိ အတည်ပြုလူနာ စုစုပေါင်း (၂၂,၄၄၅)ဦး အထိရှိလာရာမှ သက်သာပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရသွားသူမှာ (၆,၃၆၆)ဦးရှိ၍ လက်ရှိတွင် ဒေသအသီးသီး၌ ကုသမှုခံယူနေသူ စုစုပေါင်း (၁၅,၅၄၄)ဦး ကျန်ရှိနေကြောင်း သိရသည်။

အောက်တိုဘာလ(၈)ရက်နေ့တွင် ဒေသအသီးသီးမှ ဓါတ်ခွဲနမူနာပေါင်း ( ၁၂,၂၆၈ )ခုကို စစ်ဆေးရာက Covid-19 အတည်ပြုလူနာ (၁၀,၁၂)ဦး  ထပ်တိုးခဲ့ခြင်း ဖြစ်သည်။

 Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~