မိုင်းယောင်းမြို့နယ်အတွင်း COVID-19 ရောဂါ ကင်းရှင်းရေးနှင့် သဘာဝဘေး အန္တရာယ်များ ကင်းဝေးရေးအတွက် နေရာပေါင်း (၅)နေရာတွင် အန္တရာယ်ကင်း ပရိတ်ရွတ်

မိုင်းယောင်းမြို့နယ်အတွင်း COVID-19 ရောဂါ ကင်းရှင်းရေးနှင့် သဘာဝဘေး အန္တရာယ်များ ကင်းဝေးရေးအတွက် နေရာပေါင်း (၅)နေရာတွင် အန္တရာယ်ကင်း ပရိတ်ရွတ်
စက်တင်ဘာ 3, 2020
By Tachileik News Agency
မိုင်းယောင်းမြို့နယ်အတွင်း  COVID-19 ရောဂါ ကင်းရှင်းရေးနှင့် သဘာဝဘေး အန္တရာယ်များ ကင်းဝေးရေးအတွက် နေရာပေါင်း (၅)နေရာတွင် အန္တရာယ်ကင်း ပရိတ်ရွတ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်အတွင်း မိုင်းယောင်းမြို့တွင်  COVID-19 ရောဂါ ကင်းရှင်းရေးနှင့် အခြားသော သဘာဝဘေး အန္တရာယ်များ ကင်းဝေးရေး ရည်ရွယ်ကာ အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ခြင်းအဖြစ် ၂၀၂၀ခုနှစ် စက်တင်ဘာလ(၂)ရက်နေ့ ညနေ(၃)နာရီအချိန်က မိုင်းယောင်းမြို့အဝင် ဆိုင်းဘုတ် ရှေ့အပါအဝင် နေရာပေါင်း (၅)နေရာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ 
အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းကို မိုင်းယောင်းမြို့ရှိ ထေရဝါဒဗုဒ္ဓသာသနာပြုဗဟိုကျောင်း (တပ်ဦးကျောင်း) ကျောင်းထိုင်ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တဘဒ္ဒိယထံမှ ဩဝါဒကိုခံယူပြီး မိုင်းယုထေရဝါဗုဒ္ဓသာသနာပြုကျောင်းမှ ကျောင်းထိုင်ဆရာတော် အဂ္ဂမဟာသဒ္ဒမဇောတိကဓဇ ဝိစိတ္တသာရ အမှူးပြုသော ဗဟိုကျောင်း(တပ်ဦးကျောင်း)တိုက်၊ မိုင်းဟန်၊ ကော်ဆမ်မိန်း၊ ဝမ်ဇလီလော်ကျောင်းတိုက်တို့မှ ပင့်သံဃာတော် ဆယ်ပါးတို့သည် COVID-19 ရောဂါ ကင်းရှင်းရေးအတွက် မေတ္တာသုတ်၊ ရတနာ့သုတ်နှင့် အန္တရာယ်ကင်း ပရိတ်တရားတော်များကို မုန်းလိုက်ဂိတ်၊ မြို့အဝင်ဆိုင်းဘုတ်နေရာ၊ မြို့တွင်းတြိဂံလမ်းဆုံ၊ ဌာနဆိုင်ရာရုံးများရှေ့နှင့် မိုင်းယု-မိုင်းယောင်းမြို့အဝင်ဆိုင်းဘုတ်နေရာတို့၌ ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။
အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ COVID-19 ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခြင်းဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ မြို့နယ်သာသနာရေးမှူး ဦးညီညီဝေနှင့် ဌာနဆိုင်ရာများ၊ ကြက်ခြေနီနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က တရားတော်များ တက်ရောက်နာယူခဲ့ကြကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်သည်  အထူးဒေသ(၄) နမ့်ပန်းဒေသဘက်က နေရပ်ပြန်မြန်မာနိုင်ငံသားများကို စိစစ်လက်ခံပေးနေသည့် မြို့နယ်တစ်ခုလည်း ဖြစ်သည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ - အားချာ
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~