တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး ရောဂါအခံရှိသည့် အမျိုးသမီးတစ်ဦး ထပ်မံသေဆုံး၍ စုစုပေါင်း (၁၉)ဦးအထိရှိလာ

Photo: တာချီလိတ်နာရေးကူညီမှုအသင်း
Photo: တာချီလိတ်နာရေးကူညီမှုအသင်း
တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး ရောဂါအခံရှိသည့် အမျိုးသမီးတစ်ဦး ထပ်မံသေဆုံး၍ စုစုပေါင်း (၁၉)ဦးအထိရှိလာ
သြဂုတ် 8, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး ရောဂါအခံရှိသည့် အမျိုးသမီးတစ်ဦး ယနေ့ ဩဂုတ်လ(၈)ရက်နေ့ နံနက်(၆)နာရီဝန်းကျင်အချိန်က သေဆုံးသွား၍ တာချီလိတ်မြို့တွင် သေဆုံးသူ (၁၉)ဦးအထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။

သေဆုံးသူမှာ အသက်(၇၅)နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးဖြစ်ပြီး တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်တွင် နေထိုင်သူဖြစ်ကာ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေစဉ် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ၏ ရုပ်အလောင်းအား တာချီလိတ်နာရေးကူညီမှုအသင်းက ဆေးရုံမှတဆင့် ချက်ချင်းသယ်ဆောင်ပြီး ပုံလို့သုဿန်သို့ ပို့ဆောင် သင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

 

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး ရောဂါအခံကြောင့် သေဆုံးသူမှာ  ဇူလိုင်လ(၁၉)ရက်နေ့မှ ဩဂုတ်လ(၈)ရက်နေ့အထိ   အမျိုးသား(၁၁)ဦး နှင့် အမျိုးသမီး(၈)ဦး စုစုပေါင်း (၁၉)ဦးအထိ ရှိနေရာ  (၁၇)ဦးမှာ အသက်ကြီးပိုင်းများဖြစ်ကြပြီး (၃၃)နှစ်အရွယ် နှင့် (၃၅)နှစ်အရွယ် လူငယ်ပိုင်း (၂)ဦးလည်း ပါဝင်သည်။

တာချီလိတ်မြို့တွင် (၄၂)ရက်အတွင်း Covid-19 ကူးစက်ခံထားရသူ (၁၆၉၀)ဦးရှိနေရာ အရေးပေါ်ကုသမှုခံယူနေသူမှအပ ကျန်ပိုးတွေ့ လူနာများမှာ Covid-19 စောင့်ကြည့်ကုသဆောင်များတွင် သတ်မှတ်ရက်(၁၁)ရက်ပြည့်ပါက နေအိမ်ပြန်ခွင့်ပေးထားရာတွင် လတ်တလောတွင် (၈၀၀)ကျော်အထိရှိကြောင်း သိရသည်။