တာချီလိတ်မှ App Studio က Covid-19 ကြောင့် ခက်ခဲနေသည့် အိမ်ထောင်စု (၁၅၀)ကို စားနပ်ရိက္ခာမျှဝေပေးထားပြီး ကျန်ရစ်သည့် လိုအပ်သူများ ဆက်သွယ် အကူအညီ တောင်းနိုင်

Photo: App Studio
Photo: App Studio
တာချီလိတ်မှ App Studio က Covid-19 ကြောင့် ခက်ခဲနေသည့် အိမ်ထောင်စု (၁၅၀)ကို စားနပ်ရိက္ခာမျှဝေပေးထားပြီး ကျန်ရစ်သည့် လိုအပ်သူများ ဆက်သွယ် အကူအညီ တောင်းနိုင်
သြဂုတ် 7, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ  App Studio က Covid-19 ကပ်ရောဂါကာလအတွင်း အလုပ်လက်မဲ့ဖြစ်နေသူများ၊ အခက်အခဲဖြစ်နေသူများ၊ Positive ဖြစ်နေသည့် မိသားစုများအပါအဝင် စုစုပေါင်း အိမ်ထောင်စု (၁၅၀) စာအတွက် စားနပ်ရိက္ခာများ ဖြန့်ဝေထားပြီး အကူအညီလိုအပ်သူများ တောင်းခံနိုင်ကြောင်း သိရသည်။

အခက်အခဲဖြစ်နေ၍ အကူအညီတောင်းခံထားသည့် မိသားစုများအတွက် ဆန်တစ်အိတ်၊ ခေါက်ဆွဲခြောက်တစ်ဖာ၊ ဆီတစ်ဗူး၊ ဆားတစ်ထုပ်၊ ငါးသေတ္တာတစ်ကဒ်၊ Maskတစ်ဘူး၊ ကြက်သွန်တစ်ထုပ်တို့ကို ၂၀၂၁ ခုနှစ် ဩဂုတ်လ (၅) ရက်နေ့က အိမ်တိုင်ရာရောက် ထောက်ပံ့ကူညီပေးထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းသည့်အစီအစဉ်ကို App Studio က လူဦးရေ (၃၀၀) စာ မတည်ထားပြီး နောက်ပိုင်းထပ်တိုးလာသူများအား လှူဒါန်းနိုင်ရန် App Studio မှ Apple Device တစ်ခုဝယ်ယူတိုင်း လှူဒါန်းမှုသို့ ကျပ်တစ်သောင်းထည့်မည့်အပြင် ဝယ်ယူသူကို အလှူရှင်စာရင်းတွင် ဖေါ်ပြမည့်အစီအစဉ်ကို လုပ်ဆောင်ထားကြောင်း သိရသည်။

တာချီလိတ်မှ Covid-19 ကြောင့် အခက်အခဲဖြစ်ရသူ၊ မိမိအနီးဝန်းကျင်တွင် အခက်အခဲဖြစ်နေသူကို တွေ့ပါက App Studio ၏ ပို့စ်မှ Comment တွင် လိပ်စာ၊ ဖုန်းနံပါတ် အပြည့်အစုံဖြင့် အကူအညီတောင်းနိုင်သည်ဟု သိရသည်။

ယင်းအပြင် App Studio မှ Apple Devices ဝယ်ယူပြီး လှူဒါန်းမှုအစီအစဉ်တွင် ပါဝင်လိုသူများအနေဖြင့်လည်း COVID 19 ကာလအတွင်း အခက်အခဲမရှိစေရန် App Studio ၏ ဖုန်း 09796715223 ကိုခေါ်ယူပြီးမှာယူပါက အိမ်တိုင်ရာရောက်ပို့သည့်စနစ်ဖြင့် ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း သိရသည်။