မိုင်းယန်းမြို့နယ်တွင် အတည်ပြုလူနာ (၃)ဦး တွေ့၍ မိုင်းယန်းမှ တာချီလိတ်သို့ လာသူ အားလုံး Quarantine (၂၁)ရက် နေရမည်

မိုင်းယန်းမြို့နယ်တွင် အတည်ပြုလူနာ (၃)ဦး တွေ့၍ မိုင်းယန်းမှ တာချီလိတ်သို့ လာသူ အားလုံး Quarantine (၂၁)ရက် နေရမည်
စက်တင်ဘာ 5, 2020
By Tachileik News Agency
မိုင်းယန်းမြို့နယ်တွင် အတည်ပြုလူနာ (၃)ဦး တွေ့၍  မိုင်းယန်းမှ တာချီလိတ်သို့ လာသူ အားလုံး Quarantine (၂၁)ရက် နေရမည်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ပြည်ပပြန်၊ ရခိုင်နှင့် ရန်ကုန်မှ လာရောက်သူများ facility quarantine (၁၄) ရက်နှင့် home quarantine (၇)ရက် မိမိစားရိတ်ဖြင့် နေထိုင်ရမည်ဟု သတ်မှတ်ထားရာမှ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နေ့တွင် မိုင်းယန်းမြို့နယ်မှ လာသူများလည်း quarantine ဝင်ရန် ထပ်တိုး သတ်မှတ်လိုက်သည်။
“အခု မိုင်းယန်းဘက်က အတည်ပြုလူနာ (၃)ဦးထွက်ပြီဆိုတော့ မိုင်းယန်းဘက်ကလာရင်လည်း quarantine ဝင်ရပါမယ်။ ရန်ကုန်ကလည်း အခုက မြို့နယ်အားလုံးမှာ တွေ့နေရပြီ။ နောက် မြို့နယ်အားလုံးလိုလိုကလည်း (၃)ယောက်အနည်းဆုံးတွေ့နေရပြီဆိုတော့ ရန်ကုန်ကလာရင် အားလုံး quarantine သတ်မှတ်ပါတယ်။ quarantine ကတော့ တစ်ရက်ကို ကျပ် (၆၀၀၀)နှုန်း ကုန်ကျပါတယ်”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယန်းမြို့နယ်အတွင်းရှိ ဆီလူးဒေသရှိ ငှက်ပျောခြံမှ လုပ်သား (၃)ဦးတွင် COVID 19 ပိုးတွေ့ရသဖြင့် စက်တင်ဘာလ (၅)ရက်နေ့၌ ကျိုင်းတုံပြည်သူ့ဆေးရုံသို့ ခေါ်ဆောင်ရန် ပြင်ဆင်နေပြီး ငှက်ပျောခြံလုပ်သား (၆၀)ကျော်ကို ဓာတ်ခွဲနမူနာရယူစစ်ဆေးသွားမည်ဖြစ်သည်။
အတည်ပြုလူနာများ ဖြစ်သည့် Case 1209, Case 1210 နှင့် Case 1211 တို့သည် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ ရသေ့တောင် နှင့် မြောက်ဦးမြို့နယ်များက တဆင့် ရှမ်းပြည်နယ်အရှေ့ပိုင်းသို့ ရောက်ရှိလာသူများဖြစ်သည်။
မြန်မာနိုင်ငံတွင် COVID 19 ပြည်တွင်းကူးစက်မှုဖြစ်ပွားနေပြီး စက်တင်ဘာလ (၅)ရက်နေ့ နံနက်ပိုင်းအထိ အတည်ပြုလူနာ စုစုပေါင်း (၁၂၁၆)ဦးရှိပြီဖြစ်သည်။
 Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~