ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ မြို့ပေါင်း (၆)မြို့၏ ဓါတ်ခွဲအဖြေများကို ဧပြီ(၂၄)ရက်နေ့ နံနက်ပိုင်းအထိ ထွက်လာနိုင်ဖွယ်ရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ မြို့ပေါင်း (၆)မြို့၏ ဓါတ်ခွဲအဖြေများကို ဧပြီ(၂၄)ရက်နေ့ နံနက်ပိုင်းအထိ ထွက်လာနိုင်ဖွယ်ရှိ
ဧပြီ 23, 2020
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ မြို့ပေါင်း (၆)မြို့၏ ဓါတ်ခွဲအဖြေများကို ဧပြီ(၂၄)ရက်နေ့ နံနက်ပိုင်းအထိ ထွက်လာနိုင်ဖွယ်ရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်၊ ကျိုင်းတုံ၊ တာလေ၊ မိုင်းယန်း၊ မိုင်းဆတ်နှင့် မိုင်းပျဉ်းတို့မှ COVID 19 ဓါတ်ခွဲနမူနာအဖြေများကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)က ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၃) ရက်နေ့ ညပိုင်းနှင့် ဧပြီလ(၂၄)ရက်နေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ဖွယ်ရှိသည်။

တာချီလိတ်မြို့မှ ပထမဆုံး အတည်ပြုလူနာ (Case 96) ရန်ကုန်မှ တာချီလိတ်သို့ စီးနင်းလာသည့်  လေယာဉ်တွင် လိုက်ပါလာသည့်  တာချီလိတ်၊ တာလေနှင့် မိုင်းဆတ်မှ စုစုပေါင်း (၁၁)ဦး၊ မိုင်းဖြတ်မြို့မှ အတည်ပြုလူနာ (Case 64) ရန်ကုန်မှ - ကျိုင်းတုံသို့ စီးနင်းလာသည့် လေယာဉ်တွင်လိုက်ပါလာသူများမှ စစ်ဆေးရန် ကျန်သူ (၁)ဦး၊ စောင့်ကြည့်လူနာများဖြစ်သည့် တာချီလိတ်မှ (၁)ဦး၊ ကျိုင်းတုံမှ (၂)ဦး၊ မိုင်းယန်းမှ (၁)ဦး၊ Facilities Quarantine ထားရှိသူများမှ မိုင်းယန်းမှ (၃)ဦး၊ မိုင်းပျဉ်းမှ (၅)ဦးနှင့် ကျိုင်းတုံ ဆေးရုံတွင်အသွားအလာကန့်သတ်ထားသူ (၁)ဦးတို့၏ ဓါတ်ခွဲနမူနာများကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)က စစ်ဆေးနေပြီဖြစ်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ဧပြီလ (၂၃)ရက်နေ့အထိ အတည်ပြုလူနာ (၃)ဦးတွေ့ရှိထားပြီဖြစ်ပြီး လူနာအားလုံးကို ကျိုင်းတုံပြည်သူ့ဆေးရုံတွင် ကုသပေးနေခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~