ခန္တီးကျောက်စိမ်းမှော်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို KIA မှ တိုက်ခိုက် သိမ်းပိုက်

ခန္တီးကျောက်စိမ်းမှော်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို KIA မှ တိုက်ခိုက် သိမ်းပိုက်
မေ 22, 2021 | ရှမ်းရှေ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးကျောက်စိမ်းမှော်တွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်ကောင်စီ၏ တပ်စခန်းကို ၂၀၂၁ ခုနှစ် မေလ (၂၂) ရက်နေ့ မနက် (၄) နာရီဝန်းကျင်က စတင်ပြီး KIA မှ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်လိုက်သည်။

နမ်စီပွန်တပ်စခန်းကို KIA မှ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် နံနက် (၇) နာရီခန့်တွင် အာဏာသိမ်းစစ်ကောင်စီဖက်မှ တိုက်လေယာဉ်များဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေပြီး ထိခိုက်ကျဆုံးမှုစာရင်းကို မသိရသေးပေ။

ကချင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်စခန်းများကို KIA မှတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ အင်အားတိုးချဲ့မှုများပြုလုပ်နေပြီး မိုးမောက်မြို့နယ်၊ မြို့သစ်ကျေးရွာဘက်တွင် နေ့စဉ်လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိနေသည်။

#TachileikNewsAgency

Photo: Sai Myo Min Zaw