မိုင်းတုံမြို့တွင် တာချီလိတ်မြို့မှ အလည်လာသူများကို လက်ခံတော့မည်မဟုတ်ဘဲ အလုပ်ကိစ္စဖြင့် လာရောက်သူများ quarantine (၁၄)ရက် နေရမည်

မိုင်းတုံမြို့တွင် တာချီလိတ်မြို့မှ အလည်လာသူများကို လက်ခံတော့မည်မဟုတ်ဘဲ အလုပ်ကိစ္စဖြင့် လာရောက်သူများ quarantine (၁၄)ရက် နေရမည်
နိုဝင်ဘာ 29, 2020
By Tachileik News Agency
မိုင်းတုံမြို့တွင် တာချီလိတ်မြို့မှ အလည်လာသူများကို လက်ခံတော့မည်မဟုတ်ဘဲ အလုပ်ကိစ္စဖြင့် လာရောက်သူများ quarantine (၁၄)ရက် နေရမည်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင်နေထိုင်သူများ မိုင်းတုံမြို့သို့ အလည်အပတ်လာရောက်သူများကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့မှစ၍ လာရောက်ခွင့်ပြုတော့မည် မဟုတ်ဘဲ အခြားကိစ္စဖြင့်  လာရောက်သူများ facility quarantine (၁၄) ရက်နေရမည်ဖြစ်ကြောင်း သိရသည်။
"တာချီလိတ်ကနေ  အလည်အပတ်တို့ ဥပမာ မင်္ဂလာဆောင်လာတယ်ဆိုတာမျိုးတို့ကို ခွင့်ပြုတော့မှာ မဟုတ်ဘူးပေါ့။ တခြားကိစ္စနဲ့ လာတယ်ဆိုရင်၊ မိုင်းတုံကလူတွေ တာချီလိတ်သွားပြီး ပြန်လာရင် facility quarantine နေရမယ်။"ဟု မိုင်းတုံဆေးရုံအုပ်  ဒေါက်တာ သက်ခိုင်မင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့တွင် နိုဝင်ဘာလ (၂၅)ရက်နေ့မှစ၍ COVID 19 အတည်ပြုလူနာတိုးလာနေ၍ တာချီလိတ်မှ မိုင်းတုံသို့ လာရောက်သူများ၊ တာချီလိတ်မှ မိုင်းတုံသို့ ပြန်လာသူအားလုံး facility quarantine ဝင်ရမည်ဖြစ်ပြီး (၃)ရက်မြောက်နေ့တွင် RDT ဖြင့်စစ်ဆေးမည်ဖြစ်ကာ (၁၁)ရက်မြောက်နေ့တွင် PCR စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့တွင် နိုဝင်ဘာလ (၂၉)ရက်နေ့တွင် တစ်ရက်အတွင်း အတည်ပြုလူနာ (၁၀) ဦးတိုးလာပြီး စုစုပေါင်း အတည်ပြုလူနာ (၂၂)ဦး ဆေးရုံ၌ ကုသမှုခံယူနေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~