တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၁၀)ရက်နေ့၌ Covid-19 အတည်ပြုလူနာ (၆)ဦးတွေ့ရှိရာ (၅)နှစ်အရွယ် ကလေးတစ်ဦးပါဝင်

တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၁၀)ရက်နေ့၌ Covid-19 အတည်ပြုလူနာ (၆)ဦးတွေ့ရှိရာ (၅)နှစ်အရွယ် ကလေးတစ်ဦးပါဝင်
ဒီဇင်ဘာ 10, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၁၀)ရက်နေ့၌ Covid-19 အတည်ပြုလူနာ (၆)ဦးတွေ့ရှိရာ (၅)နှစ်အရွယ် ကလေးတစ်ဦး ပါဝင်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၀)ရက်နေ့၌ COVID 19 အတည်ပြုလူနာ (၆) ဦး ထပ်တိုးလာသည့်အတွက် အတည်ပြုလူနာ (၉၃)ဦးရှိလာပြီဖြစ်သည်။
ဒီဇင်ဘာလ(၁၀)ရက်နေ့တွင် အသစ်တွေ့ရှိရသည့် (၆)ဦးတွင် အသက်(၅)နှစ်အရွယ် ကလေးငယ်(၁)ဦး ပါဝင်ပြီး ထိုင်းနိုင်ငံသို့ ပြန်ရန်အတွက် စစ်ဆေးရာမှ ပိုးတွေ့ရသည့် ထိုင်းအမျိုးသမီး (၂)ဦး ပါဝင်သည်။
တာချီလိတ်မြို့နယ်အတွင်း နိုဝင်ဘာလ (၂၅) ရက်နေ့မှစ၍ COVID 19 ဒေသတွင်း ကူးစက်မှုအဖြစ် တွေ့လာပြီး အတည်ပြုလူနာ နေ့စဉ်နီးပါးတိုးလာပြီးနောက် ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် အတည်ပြုလူနာ စုစုပေါင်း (၉၃)ဦးရှိလာပြီး တောင်ကြီးသို့ ပို့စစ်ထားသည့် ဓာတ်ခွဲနမူနာ (၁၇၀)၏ ဓာတ်ခွဲအဖြေကို စောင့်ဆိုင်းဆဲဖြစ်သည်။
၂၀၂၀ခုနှစ် နိုဝင်ဘာလ(၂၂)ရက်နေ့မှ ဒီဇင်ဘာလ(၁၀)ရက်နေ့အထိ Covid-19 အတည်ပြုလူနာ စုစုပေါင်း(၉၃)ဦးရှိရာ (၃၄)ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရသွားပြီဖြစ်သည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~