ဒီးမော့ဆိုမြို့နယ်အတွင်း တောင်ပေါ်တွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်တပ်အား ကရင်နီတပ်မတော် နှင့် KNDF တို့ ပူးပေါင်း တိုက်ခိုက်ရာမှ အာဏာသိမ်းတပ်ဘက်က (၄)ဦးဝန်းကျင် သေဆုံး

ဒီးမော့ဆိုမြို့နယ်အတွင်း တောင်ပေါ်တွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်တပ်အား ကရင်နီတပ်မတော် နှင့် KNDF တို့ ပူးပေါင်း တိုက်ခိုက်ရာမှ အာဏာသိမ်းတပ်ဘက်က (၄)ဦးဝန်းကျင် သေဆုံး
စက်တင်ဘာ 16, 2021 | ကယား

ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း (၆)မိုင်ကျေးရွာအနီး တောင်ပေါ်တွင် အာဏာသိမ်းစစ်တပ်အား  KA နှင့် KNDF တို့က ယနေ့ စက်တင်ဘာလ(၁၆)ရက်နေ့ နံနက်(၈)နာရီခွဲဝန်းကျင်အချိန်က တိုက်ခိုက်ခဲ့ရာ အာဏာသိမ်းအကြမ်းဖက် စစ်တပ်ဘက်က (၄)ဦးဝန်းကျင် သေဆုံးကြောင်း KNDF က စက်တင်ဘာလ(၁၆)ရက်နေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန်လာသည်။



ဒီးမော့ဆိုမြို့နယ်၊  ထွီလွှီးဘီလာ ကျေးရွာအနီး ခြေရာတော်တောင်ပေါ်တွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်တပ်ကို စက်တင်ဘာလ(၁၅)ရက်နေ့ကလည်း ကရင်နီတပ်မတော်(KA)နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့(KNDF)တို့ ပူးပေါင်းအဖွဲ့နှင့် ထိတွေ့မှုဖြစ်ပွားခဲ့သလို ယနေ့ နံနက်ပိုင်းတွင်လည်း အဆိုပါနေရာတွင် အာဏာသိမ်းစစ်တပ်ဘက်က လက်နက်ကြီးများဖြင့် တစ်ဖက်သတ် ပစ်ခတ်မှုများရှိကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်က အင်အားဖြည့်ကာ စစ်ဆင်ရေးပြုလုပ်နေသည့်အတွက်  ဒီးမော့ဆိုမြို့နယ်၊‌ ဒေါပိုးစီနှင့် စံပြ (၆) မိုင်ကျေးရွာတို့မှ ဖရူဆိုမြို့နယ် ကဒါးလားကျေးရွာ အထိ၊ လွိုင်ကောင်- ဒီမောဆို-ဖရူဆို လမ်းတစ်လျှောက် ည (၆) နာရီမှ နံနက် (၆) နာရီအထိ ခရီးသွားလာခြင်းမပြုရန်လည်း KNDF က အသိပေးထားရှိသည်။ 

#TachileikNewsAgency