တာချီလိတ်နှင့်အနီး ထိုင်းနိုင်ငံမယ်ဆိုင်မြို့တွင် Covid-19 အတည်ပြုလူနာ တစ်ဦးသေဆုံး

တာချီလိတ်နှင့်အနီး ထိုင်းနိုင်ငံမယ်ဆိုင်မြို့တွင် Covid-19 အတည်ပြုလူနာ တစ်ဦးသေဆုံး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တစ်ဖက်ကမ်းရှိ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တွင် ၂၀၂၁ ခုနှစ် မေလ (၂၃) ရက်နေ့၌  COVID 19 အတည်ပြုလူနာ  အမျိုးသမီး (၁)ဦး သေဆုံးကြောင်း မယ်ဆိုင်ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ထားသည်။

သေဆုံးသွားသည့် အတည်ပြုလူနာမှာ သွေးတိုးရောဂါအခံရှိသည့် အသက် (၆၄)နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး မိသားစုတွင်း အတည်ပြုလူနာမှတစ်ဆင့် ကူးစက်ခံရခြင်းဖြစ်ကြောင်း  သိရသည်။

မယ်ဆိုင်မြို့တွင် ယနေ့အတည်ပြုလူနာ (၁) ဦးထပ်တိုးသဖြင့် စုစုပေါင်း အတည်ပြုလူနာ (၁၉၄) ဦးအထိရှိလာသည့် အနက် ဆေးရုံဆင်းသူ (၁၇၂) ဦး၊ ကုသမှုခံယူနေဆဲ (၁၉) ဦးနှင့် သေဆုံးသူ စုစုပေါင်း (၃) ဦးရှိပြီဖြစ်သည်။

ထိုင်းနိုင်ငံတွင် COVID 19 တတိယလှိုင်းအတွင်း ကူးစက်မှုနှုန်းနှင့် သေဆုံးနှုန်းမြင့်မားနေခြင်းဖြစ်သည်။