တာချီလိတ်ရှိ ရှမ်းရှေ့တန်ဆောင်ကိုယ်ပိုင်အထက်တန်းကျောင်းက ပညာရေးစုံညီပွဲတော် ကျင်းပ

တာချီလိတ်ရှိ ရှမ်းရှေ့တန်ဆောင်ကိုယ်ပိုင်အထက်တန်းကျောင်းက ပညာရေးစုံညီပွဲတော် ကျင်းပ
ဖေဖော်ဝါရီ 1, 2020
By Tachileik News Agency

တာချီလိတ် ရှမ်းရှေ့တန်ဆောင်ကိုယ်ပိုင်အထက်တန်းကျောင်းက ပညာရေးစုံညီပွဲတော် ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်းရှိ ရှမ်းရှေ့တန်ဆောင်ကိုယ်ပိုင်အထက်တန်းကျောင်းက ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်၏ ပညာရေးစုံညီပွဲတော်အား ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် ကျင်းပသည်။

အဆိုပါ  ကျောင်း၏ ပွဲတော်အား ဖွင့်လှစ်ခြင်းအဖြစ် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ဆက်လက်၍ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် နှင့်  ကျောင်းအကျိုးတော်ဆောင် ဦးဇီးလျှံအာမှ  ပညာရေးနှင့် ပတ်သက်၍ ဂုဏ်ပြုအမှာစကား ပြောကြားပြီး ကျောင်းအုပ်ကြီးဖြစ်သူ ဦးခန့်ပိုင်အောင်က ရှမ်းရှေ့တန်ဆောင်ကိုယ်ပိုင်အထက်တန်းကျောင်း၏ လုပ်ဆောင်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တက်ရောက်လာသူများကို ရှင်းလင်းပြောကြားသည်။

အခမ်းအနားတွင်  ရှေ့တန်ဆောင်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား  ရှမ်းရှေ့တန်ဆောင် ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူ ဒေါ်ချောစုလတ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆု နှင့် ထူးချွန်ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး  ကျောင်းသား ကျောင်းသူများက  တေးသရုပ်ဖော်အကပဒေသာများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြသည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~