တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်တွင် ပထမအကြိမ် ဘီပိုးကာကွယ်ဆေး ထိုးနှံပြီးသူများအား ဒုတိယအအကြိမ် အခမဲ့ထိုးနှံပေးမှုအဖြစ် မြသဟာဆေးရုံတွင် ဒီဇင်ဘာလ(၂၀)ရက်နေ၌ အခမဲ့ထိုးနှံပေးမည်

တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်တွင် ပထမအကြိမ် ဘီပိုးကာကွယ်ဆေး ထိုးနှံပြီးသူများအား ဒုတိယအအကြိမ် အခမဲ့ထိုးနှံပေးမှုအဖြစ် မြသဟာဆေးရုံတွင် ဒီဇင်ဘာလ(၂၀)ရက်နေ၌ အခမဲ့ထိုးနှံပေးမည်
ဒီဇင်ဘာ 19, 2019
By Tachileik News Agency

တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်တွင် ပထမအကြိမ်ဘီပိုးကာကွယ်ဆေး ထိုးနှံပြီးသူများအား ဒုတိယအအကြိမ် အခမဲ့ထိုးနှံပေးမှုအဖြစ် မြသဟာဆေးရုံတွင် ဒီဇင်ဘာလ(၂၀)ရက်နေ့တွင် အခမဲ့ထိုးနှံပေးမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်တွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နှင့် (၂၀) ရက်နေ့များက အသည်းရောင်ဘီပိုးကာကွယ်ဆေး ပထမအကြိမ်ထိုးနှံထားသူများ ဒုတိယအကြိမ် ကာကွယ်ဆေးကို ဒီဇင်ဘာလ (၂၀)ရက်နေ့၌ မြသဟာဆေးရုံတွင် နံနက် (၈)နာရီမှစ၍ အခမဲ့ထိုးနှံနိုင်မည် ဖြစ်သည်။

အသည်းရောင် ဘီပိုးကာကွယ်ဆေးမှာ (၃)ကြိမ် ထိုးနှံရမည်ဖြစ်ရာ နိုဝင်ဘာလ (၁၉)ရက်နေ့နှင့် (၂၀)ရက်နေ့များ၌ ပထမအကြိမ် ထိုးနှံပြီးသူများ အနေဖြင့် ဒုတိယအကြိမ် ထိုးနှံပေးမည်ဖြစ်ရာ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံထားသည့် ဆေးမှတ်တမ်းယူဆောင်လာရန် လိုအပ်မည်ဖြစ်ပြီး ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံထားသည့် သံဃာတော် အပါး (၇၀)ကို အဖွဲ့များခွဲ၍ ကျောင်းတိုက်များသို့ လိုက်လံထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလအတွင်းက အသည်းရောင် ဘီပိုး (Hepatitis B Virus) ကာကွယ်ဆေး ပထမအကြိမ်၊ နိုဝင်ဘာလ (၁၉) ရက်နှင့် (၂၀)ရက်နေ့များက ဒုတိယမြောက် ကာကွယ်ဆေး ထိုးနှံပြီးသူများအတွက် တတိယအကြိမ် ကာကွယ်ဆေးထိုးရန်နေရာကို ထပ်မံကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။

အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါဖောင်ဒေးရှင်း (မြန်မာ) က တာချီလိတ် မဟာမြတ်မုနိ ဆရာတော်၏ အန္တိမအဂ္ဂိဈာပနကို ပူဇော်သည့်အနေဖြင့် အောက်တိုဘာလအတွင်းက လူဦးရေ (၅၀၀) ကို အသည်းရောင် B ပိုး၊ C ပိုး စစ်ဆေးခြင်းနှင့် လိုအပ်သူများကို ကာကွယ်ဆေးထိုးပေးခြင်းအား အခမဲ့ ဆောင်ရွက်ပေးခဲ့ရာ ဒေသတွင်းမှ အလှူရှင်များက ပါဝင်လှူဒါန်းမှုဖြင့် လူဦးရေ (၁၀၀၀) အထိ စစ်ဆေးပေးနိုင်ခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~