တာချီလိတ်မြို့မဈေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်းအဖြစ် ဇာတ်တိုက် လေ့ကျင့်

တာချီလိတ်မြို့မဈေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်းအဖြစ် ဇာတ်တိုက် လေ့ကျင့်
ဇန်နဝါရီ 26, 2020
By Tachileik News Agency
တာချီလိတ်မြို့မဈေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်းအဖြစ် ဇာတ်တိုက် လေ့ကျင့်

မီးဘေးအန္တရာယ်ဖြစ်ပေါ်လာသည့်အခါ အလွယ်တကူ  ငြိမ်းသတ်နိုင်ရန် နှင့် မီးဘေးကာကွယ်နိုင်ရန်အတွက် တာချီလိတ်ခရိုင် မီးသတ်တပ်ဖွဲ့ နှင့် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန အပါအဝင် ဈေးကော်မတီတို့ ပူးပေါင်းကာ တာချီလိတ်မြို့မ(ဝမ်ကောင်း)ဈေးတွင် ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုအဖြစ် ၂၀၂၀ခုနှစ် ဇန်နဝါရီလ(၂၆)ရက်နေ့ ညနေပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

တာချီလိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ကိုကို နှင့် တပ်ဖွဲ့ဝင်များ၊ တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန၏ အမှုဆောင်အရာရှိ ဦးစိုင်းခွန်ဇော်ဦး နှင့် စည်ပင်သာယာရေးကော်မတီဝင်များ၊ မြို့မဈေးကော်မတီ ဥက္ကဌ ဦးဇော်မြင့် နှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။

မီးဘေးအန္တရာယ်ဖြစ်ပေါ်လာသည့်အခါ စိတ်ကို တည်ငြိမ်စွာ ထားပြီး မီးငြိမ်းသတ်စေရန် နှင့် မီးလောင်မှုမဖြစ်ပွားစေရန် အတွက် ဈေးသူဈေးသားများအား အသိပညာပေးက လက်တွေ့မီးငြိမ်းသတ်ခြင်းများ လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~