ကယားပြည်နယ် ဖရူဆိုမြို့နယ်အတွင်း ကုန်စည်ပို့ဆောင်ရေးအတွက် မိုဆိုကျေးရွာဂိတ်ကို တစ်ပတ်နှစ်ရက် ဖြတ်သန်းခွင့်ပြုမည်

ကယားပြည်နယ် ဖရူဆိုမြို့နယ်အတွင်း ကုန်စည်ပို့ဆောင်ရေးအတွက် မိုဆိုကျေးရွာဂိတ်ကို တစ်ပတ်နှစ်ရက် ဖြတ်သန်းခွင့်ပြုမည်
သြဂုတ် 2, 2021 | Covid-19| ကယား

ကယား(ကရင်နီ)ပြည်နယ်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းဒေသများတွင် အရေးပေါ်ရိက္ခာလိုအပ်ချက်ရှိသဖြင့် COVID 19 ကာကွယ်ရေးအဝင်အထွက်ဂိတ်ပြုလုပ်ထားသည့် မိုဆိုကျေးရွာဂိတ်မှ ဖြတ်သန်းခွင့်ကို ရက်သတ္တပတ် တစ်ပတ်လျှင် (၂) ရက် ကုန်စည်ဖြတ်သန်းခွင့်ပြုမည်ဟု ၂၀၂၁ ခုနှစ် ဩဂုတ်လ (၂) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းဒေသများသို့ စားနပ်ရိက္ခာပို့ဆောင်ခြင်းကို COVID 19 ကာကွယ်ရေး အဝင်အထွက် ဂိတ်ပြုလုပ်ထားသည့် မိုဆိုကျေးရွာဂိတ်မှ အပတ်စဥ် ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့များတွင် ကုန်စည်ဖြတ်သန်း ပို့ဆောင်ခွင့်ပေးမည်ဟု ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်း COVID 19  ကာကွယ်တုန့်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။

ကပ်ရောဂါအခြေအနေကြောင့် လူအဝင်အထွက်ပြုလုပ်ခြင်းကို ခွင့်ပြုမည်မဟုတ်သော်လည်း မဖြစ်မနေ ဝင်ထွက်ရသူများရှိပါက (၁၄) ရက် quarantine ဝင်ရမည်ဟု သတ်မှတ်ထားသည်။