ဂျပန်နိုင်ငံတွင် Covid-19 အတည်ပြုလူနာတွေ့ရှိမှု နည်းလာပြီဖြစ်၍ ယာယီပိတ်ထားသည့် KTV များကို ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၂)ရက်နေ့မှစပြီး ရောဂါကာကွယ်ရေးအစီအမံများဖြင့် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
KTV ဆိုင်သို့ ဝင်လာသူတိုင်းကို ဆိုင်အဝင်တွင် ကိုယ်အပူချိန်တိုင်းတာသည့် စက်ဖြင့် တိုင်းတာသည့်အပြင် သီချင်းဆိုသည့် အခါမှာလည်း အဝတ်ဖုံးအုပ်ကာ ပလစ်စတစ်အကာအကွယ်ဖြင့် ပြုလုပ်ထားသည့် မိုက်ကရိုဖုန်းဖြင့် သီဆိုရခြင်းဖြစ်ကြောင်း သိရသည်။
KTV သို့ လာရောက်သည့် ဧည့်သည်များအနေဖြင့် Mask တပ်ဆင်ထားရပြီး မိုက်ကရိုဖုန်းသည် အများကိုင်ဖြစ်သည့်အတွက် လက်အိတ်များကိုလည်း ထားရှိပေးထားခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် လူစုလူဝေး လူထူထပ်မှုကြောင့် ရောဂါပျံ့နှံ့မှုမြင့်သည့် လုပ်ငန်းများအဖြစ် သတ်မှတ်ထားသည့်အတွက် KTV ရှိ သီချင်းဆိုသည့် အခန်းများ၏ အနေအထားနှင့် ကိုက်ညီသည့် လူဦးရေကိုသာ ကန့်သတ် လက်ခံနေကြောင်း သိရသည်။
Tachileik News Agency
Source: Bangkok Post