ကျိုင်းတုံမြို့တွင် CB Bank  ဝန်ထမ်း(၃)ဦး အပါအဝင် Covid-19 ကူးစက်ခံထားရသူ (၁၆)ဦး ထပ်တိုး

ကျိုင်းတုံမြို့တွင် CB Bank  ဝန်ထမ်း(၃)ဦး အပါအဝင် Covid-19 ကူးစက်ခံထားရသူ (၁၆)ဦး ထပ်တိုး
သြဂုတ် 1, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ယနေ့ ဩဂုတ်လ(၁)ရက်နေ့၏ တစ်နေ့တာ စစ်ဆေးမှုအတွင်း  CB Bank ဝန်ထမ်း(၃)ဦး အပါအဝင် Covid-19 ကူးစက်ခံရသူ (၁၆)ဦး ထပ်တိုးပြီးတွေ့ရှိရသည့်အတွက် စုစုပေါင်း Covid-19 ကူးစက်ခံရသူ  (၂၀၆)ဦးအထိ ရှိနေကြောင်း သိရသည်။ 

Covid-19 ပိုးတွေ့ရှိရသည့် CB Bank ဝန်ထမ်း (၃)ဦးမှာ ခရီးသွားရာဇဝင်ရှိသူများမဟုတ်ဘဲ Covid-19 ပိုးတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့ ဩဂုတ်လ(၁)ရက်နေ့တွင် ကျိုင်းတုံမြို့၌ စစ်ဆေးတွေ့ရှိရသည့် (၁၆)ဦးတွင် အတည်ပြုလူနာများနှင့် ထိတွေ့မှုရှိသူ (၇)ဦး နှင့် ခရီးသွားရာဇဝင်မရှိသူ (၉)ဦးတို့ ပါဝင်ကြောင်း သိရသည်။ 

ကျိုင်းတုံမြို့၏ Covid-19 တတိယလှိုင်းအား ၂၀၂၁ခုနှစ် ဇွန်လ(၂၉)ရက်နေ့က စတင်လာရာ ယနေ့ ဩဂုတ်လ(၁)ရက်နေ့အထိ Covid-19 ကူးစက်ခံထားရသူ (၂၀၆)ဦးအထိရှိနေပြီး သေဆုံးသူမှာ (၂)ဦးရှိကာ ဆေးရုံမှ ဆင်းခွင့်ရရှိသွားသူမှာ (၆၆)ဦးရှိသွားသော်လည်း ဆက်လက်ကုသမှု ခံယူနေသူမှာ (၁၃၈)ဦးအထိရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency