မိုင်းဖြတ်တွင် တာချီလိတ်ပြန်တစ်ယောက်၌ COVID 19 ပိုးတွေ့၍ အတည်ပြုလူနာ (၃) ယောက်အထိတိုးလာ

မိုင်းဖြတ်တွင် တာချီလိတ်ပြန်တစ်ယောက်၌ COVID 19 ပိုးတွေ့၍ အတည်ပြုလူနာ (၃) ယောက်အထိတိုးလာ
ဒီဇင်ဘာ 3, 2020
By Tachileik News Agency
မိုင်းဖြတ်တွင် တာချီလိတ်ပြန်တစ်ယောက်၌ COVID 19 ပိုးတွေ့၍ အတည်ပြုလူနာ (၃) ယောက်အထိတိုးလာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့တွင် တာချီလိတ်မှ ပြန်သွားသည့် အမျိုးသမီး (၁)ဦး၌ COVID 19 ကူးစက်ခံထားရသည်ကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၃)ရက်နေ့က တွေ့ရသဖြင့် မိုင်းဖြတ်ပြည်သူ့ဆေးရုံ၌ အတည်ပြုလူနာ (၃)ဦး ရှိလာပြီဖြစ်သည်။

"မနေ့က အတည်ပြုလူနာနဲ့တစ်ဖွဲ့ထဲ ပြန်လာတဲ့ (၇)ယောက်က ဒီနေ့ တစ်ယောက်ထပ်တိုး Positive ဖြစ်ပါတယ်"

ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မိုင်းဖြတ်မြို့တွင် တာချီလိတ်မှ ပြန်သွားသည့် အမျိုးသမီး (၂)ဦးကို ဒီဇင်ဘာလ (၂)ရက်နေ့က စစ်ဆေးမှုအတွင်း COVID 19 positive ဖြစ်နေသည်ကို တွေ့ရပြီးနောက် ဒီဇင်ဘာလ (၃)ရက်နေ့၌ ၎င်းတို့နှင့်ထိတွေ့သူများအား စစ်ဆေးရာမှ နောက်ထပ်အမျိုးသမီး (၁)ဦးတွင် COVID 19 ကူးစက်နေသည်ကို ထပ်တိုးတွေ့ရခြင်းဖြစ်သည်။
အဆိုပါ အတည်ပြုလူနာကို မိုင်းဖြတ်ပြည်သူ့ဆေးရုံ၌ ကုသပေးမည်ဖြစ်ရာ ဆေးရုံ၌ ကုသပေးရမည့် အတည်ပြုလူနာ (၃)ဦးရှိလာပြီဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~