တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံထားရသူ (၈၇)ဦး ထပ်တိုးတွေ့ရှိ

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံထားရသူ (၈၇)ဦး ထပ်တိုးတွေ့ရှိ
သြဂုတ် 1, 2021 | Covid-19| ရှမ်းရှေ့

မြန်မာ - လာအို - ထိုင်း နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ယနေ့ ဩဂုတ်လ(၁)ရက်နေ့၏ စစ်ဆေးချက်အရ Covid-19 ကူးစက်ခံရသူ (၈၇)ဦး ထပ်တိုးကြောင်း သိရသည်။

ယနေ့ အသစ်ထပ်တိုးသည့် (၈၇)ဦးတွင် လာအိုနိုင်ငံဘက်က ပြန်လာသည့် မြန်မာနိုင်ငံသား (၂၂၁)ဦးကို စစ်ဆေးရာမှာ ပိုးတွေ့ရသည့် (၂၇)ဦး နှင့် တာချီလိတ်မြို့မှ (၆၀)ဦး ဖြစ်ကြောင်း သိရသည်။

လာအိုနိုင်ငံမှ ပြန်လာ၍ ပိုးတွေ့သူ (၂၇)ဦးတွင် အမျိုးသား(၉)ဦး နှင့် အမျိုးသမီး(၁၈)ဦးတို့ ဖြစ်ပြီး တာချီလိတ်မြို့မှ (၆၀)ဦးတွင်  အမျိုးသား (၃၇)ဦး နှင့် အမျိုးသမီး (၂၃)ဦး ပါဝင်ကြောင်း သိရသည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းကာလ၏ (၃၅)ရက်အတွင်း Covid-19 ကူးစက်ခံထားရသူများတွင် မိမိအစီစဉ်ဖြင့် လုပ်ငန်းခွင် နှင့် နေအိမ်များတွင် စစ်ဆေး ပိုးတွေ့ စာရင်းများ မပါဝင်ဘဲ ဌာနဆိုင်ရာများ၏ တရားဝင်စာရင်းအရ (၁,၃၈၂)ဦး အထိရှိနေပြီး သေဆုံးသူမှာ (၉)ဦးအထိရှိနေကာ ဆေးရုံမှ ဆင်းခွင့်ရရှိသွားသူမှာ (၇၀၀)ဝန်းကျင်အထိ ရှိနေကြောင်း သိရသည်။

#TachileikNewsAgency