တာချီလိတ်မြို့မှ ကိုရင်(၅)ပါး Covid-19 ကူးစက်ခံရ

တာချီလိတ်မြို့မှ ကိုရင်(၅)ပါး Covid-19 ကူးစက်ခံရ
ဇူလိုင် 30, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် ယနေ့ ဇူလိုင်လ(၃၀)ရက်နေ့၏ Covid-19 စစ်ဆေးချက်အရ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းကျေးရွာရှိ မယ်ယန်းဘုန်းကြီးကျောင်းမှ ကိုရင်(၅)ပါး  Covid-19 ကူးစက်ခံရကြောင်း သိရသည်။

Covid-19 ပိုး တွေ့ရသည့် ကိုရင်(၅)ပါးတွင် အသက်(၁၀)နှစ်အရွယ် (၂)ပါး၊ အသက်(၁၅)နှစ်အရွယ် ကိုရင် (၂)ပါး နှင့် အသက်(၁၆)နှစ်အရွယ် ကိုရင် (၁)ပါးတို့ ပါဝင်ကြောင်း နှင့် တို့အား ဝမ်လုံးရှိ Covid-19 ကုသစောင့်ကြည့်ရေးစင်တာတွင် ထားရှိကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ယနေ့ ဇူလိုင်လ(၃၀)ရက်နေ့၏ စစ်ဆေးချက်အရ Covid-19 ကူးစက်ခံရထားရသူ စုစုပေါင်း (၄၁)ဦး တွေ့ရှိရကြောင်း သိရသည်။

 

တာချီလိတ်မြို့တွင် ဇူလိုင်လ(၁၉)ရက်နေ့ကစ၍ ဇူလိုင်လ(၃၀)ရက်နေ့ ညနေအထိ Covid-19 ကူးစက်ခံရပြီး ရောဂါအခံရှိသူ သေဆုံးမှုအဖြစ် (၇)ဦး ရှိလာပြီး ဇွန်လ(၂၈)ရက်နေ့မှစ၍ ယနေ့အထိ Covid-19 ကူးစက်ခံရသူမှာလည်း (၁,၂၅၀)ကျော်ရှိကာ ဆေးရုံမှ ဆင်းခွင့်ရရှိသွားသူမှာ (၆၀၀)နီးပါးအထိ ရှိကြောင်း သိရသည်။