မိုင်းဆတ်မြို့နယ်ရှိ မဲရုံ (၅၈)ရုံတွင် COVID 19 ကာကွယ်ရေးလမ်းညွန်ချက်အတိုင်း လိုက်နာဆောင်ရွက်ရန် ကော်မတီနှင့် ကော်မရှင်အဖွဲ့များ လိုက်လံကြီးကြပ်နေ

မိုင်းဆတ်မြို့နယ်ရှိ မဲရုံ (၅၈)ရုံတွင် COVID 19 ကာကွယ်ရေးလမ်းညွန်ချက်အတိုင်း လိုက်နာဆောင်ရွက်ရန် ကော်မတီနှင့် ကော်မရှင်အဖွဲ့များ လိုက်လံကြီးကြပ်နေ
နိုဝင်ဘာ 8, 2020
By Tachileik News Agency
မိုင်းဆတ်မြို့နယ်ရှိ မဲရုံ (၅၈)ရုံတွင် COVID 19 ကာကွယ်ရေးလမ်းညွန်ချက်အတိုင်း လိုက်နာဆောင်ရွက်ရန် ကော်မတီနှင့် ကော်မရှင်အဖွဲ့များ လိုက်လံကြီးကြပ်နေ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲအတွက် ဆန္ဒမဲပေးခြင်းကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့ နံနက် ၆ နာရီတွင်စတင်ရာ ခရိုင် ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေးစီမံခန့်ခွဲမှုကော်မတီနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့များက မဲရုံများတွင် မဲပေးမှုအခြေအနေများကို လိုက်လံစစ်ဆေးနေသည်။
မဲရုံကို နံနက် (၆)နာရီတွင် မဲရုံစတင်ဖွင့်လှစ်ချိန်၌ မဲရုံမှူးက မဲပုံးအလွတ်များကို မဲရုံအဖွဲ့ဝင်များ၊ မဲရုံကိုယ်စားလှယ်များနှင့် မဲရုံစောင့်ကြည့်လေ့လာသူများအား ပြသ၍ မဲပုံးများအား လုံခြုံရေးကြိုးများဖြင့် လုံခြုံစွာပိတ်သည်။
မဲလာပေးသူများအနေဖြင့် COVID 19 ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာ ကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ လက်ဆေးစေခြင်း၊ ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်း၊ mask တပ် ဆင်စေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာတန်းစီ၍ စနစ်တကျဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံတိုင်း၌ စီစဉ်ဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။
မဲရုံများတွင် COVID 19 ကာကွယ်ရေးဆောင်ရွက်နေမှုများကို ခရိုင် ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးစိုင်းတူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးဒေါ်နယ်သိန်းနှင့်အဖွဲ့ဝင်တို့က လိုက်လံကြည့် ရှုစစ်ဆေးနေခြင်းဖြစ်သည်။
မိုင်းဆတ်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲရုံ(၅၈)ရုံနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်(၅၉၇၀၃)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှသိရသည်။
  Tachileik News Agency
သတင်း/ဓါတ်ပုံ - သန်းဇော်(မိုင်းဆတ်)
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~