ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံရပြီး တာချီလိတ်သို့ ပြန်လွှဲခံရသူများရဲ့ ပြောစကားများ

ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံရပြီး တာချီလိတ်သို့ ပြန်လွှဲခံရသူများရဲ့ ပြောစကားများ
ဇူလိုင် 23, 2020
By Tachileik News Agency

ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံရပြီး တာချီလိတ်သို့ ပြန်လွှဲခံရသူများရဲ့ ပြောစကားများ

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို အထောက်အထားမပြည့်စုံတဲ့အတွက် လုပ်ငန်းခွင်တွေနဲ့ နေအိမ်ခန်းတွေမှာ ဝင်ရောက်ဖမ်းစီးမှုတွေ ရှိနေပါတယ်။

COVID ကာလအတွင်း အထောက်အထားတွေလုပ်ဖို့အတွက် အခက်အခဲရှိနေသလို ထိုင်းနိုင်ငံကရဲတွေကို ငွေကြေးပေးဆောင်ခဲ့ရမှုတွေ ရှိတယ်လို့ ဖမ်းစီးခံရသူတွေက ပြောပြပါတယ်။

ထိုင်းနိုင်ငံအကျဉ်းထောင်တွေထဲမှာနေထိုင်ရပုံနဲ့ ကြုံတွေနေရတဲ့အခက်အခဲတွေအကြောင်းကို ဖမ်းစီးခံရပြီးနောက် တာချီလိတ်ကိုလွှဲပြောင်းပေးခံရတဲ့ မြန်မာလုပ်သားအချို့ရဲ့ စကားသံတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

ထိုင်းနိုင်ငံအချုပ်ခန်းအသီးသီးကနေ သတ်မှတ်ပြစ်ဒဏ်စေ့တဲ့အတွက် ၂၀၂၀ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့မှာ မြန်မာ-ထိုင်းချစ်ကြည်ရေးအမှတ်၂တံတားကနေ မြန်မာနိုင်ငံသား (၅၈)ဦးကို ပြန်လည်လွှဲပြောင်းပေးလာရာမှာ တရားဝင်အထောက်အထားပြသနိုင်ခြင်းမရှိလို့ ဖမ်းစီးခံရသူ (၅၄)ဦးပါဝင်ပါတယ်။

Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~