ကျိုင်းတုံ နှင့် မိုင်းပျဉ်းမြို့တို့တွင် ရန်ကုန်မှ ပြန်လာသည့် အမျိုးသမီး (၂)ဦးတွင် Covid-19 ပိုးတွေ့

ကျိုင်းတုံ နှင့် မိုင်းပျဉ်းမြို့တို့တွင် ရန်ကုန်မှ ပြန်လာသည့် အမျိုးသမီး (၂)ဦးတွင် Covid-19 ပိုးတွေ့
ဒီဇင်ဘာ 2, 2020
By Tachileik News Agency
ကျိုင်းတုံ နှင့် မိုင်းပျဉ်းမြို့တို့တွင် ရန်ကုန်မှ ပြန်လာသည့် အမျိုးသမီး (၂)ဦးတွင်  Covid-19 ပိုးတွေ့
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နှင့် မိုင်းပျဉ်းမြို့တို့၌ ရန်ကုန်မှပြန်လာ၍ အသွားအလာကန့်သတ်ထားသည့် အမျိုးသမီး (၂)ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၂)ရက်နေ့၌ စစ်ဆေးသိရသည်။
"ကျိုင်းတုံနဲ့ မိုင်းပျဉ်းနဲ့ quarantine ထားတဲ့သူတွေထဲက နှစ်ဦးထပ်တိုးပါတယ်။ ကျိုင်းတုံတစ်ယောက်၊ မိုင်းပျဉ်းတစ်ယောက်ပါ"ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ထပ်တိုးတွေ့ရသည့်အတည်ပြုလူနာများအား ကျိုင်းတုံပြည်သူ့ဆေးရုံနှင့် မိုင်းပျဉ်းပြည်သူ့ဆေးရုံ၌ ကုသပေးမည်ဖြစ်ရာ ကျိုင်းတုံဆေးရုံ၌ ကုသပေးနေသည့် အတည်ပြုလူနာ (၂)ဦးနှင့် မိုင်းပျဉ်းဆေးရုံတွင် ကုသပေးမည့်လူနာ (၁)ဦးရှိမည်ဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~