ရှမ်းပြည်နယ်အတွင်း ကာကွယ်ဆေးမထိုးရသေးသည့် စည်ပင်ဝန်ထမ်းများ ကာကွယ်ဆေးထိုးရန်နှင့် ခွေးလေခွေးလွင့်များကို သုတ်သင်ရှင်းလင်းရန် Video Conferencing စနစ်ဖြင့် ညွှန်ကြား

ရှမ်းပြည်နယ်အတွင်း ကာကွယ်ဆေးမထိုးရသေးသည့် စည်ပင်ဝန်ထမ်းများ ကာကွယ်ဆေးထိုးရန်နှင့် ခွေးလေခွေးလွင့်များကို သုတ်သင်ရှင်းလင်းရန် Video Conferencing စနစ်ဖြင့် ညွှန်ကြား
ဇူလိုင် 28, 2021 | Covid-19| ရှမ်းတောင်

Covid-19 တတိယလှိုင်းကာလအတွင်း ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနက စည်ပင်ဝန်ထမ်းများ Covid-19 ကာကွယ်ဆေးထိုးရန် နှင့် ခွေးလေခွေးလွှင့်များကို သုတ်သင်ရှင်းလင်းရန် Video Conferencing စနစ်ဖြင့် တွေ့ဆုံပြီး ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက လမ်းညွှန်ထားကြောင်း သိရသည်။

၂၀၂၁ခုနှစ် ဇူလိုင်လ(၂၆)ရက်နေ့က ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက  Video Conferencing စနစ်ဖြင့် တွေ့ဆုံအစည်းအဝေး ပြုလုပ်ပြီး Covid-19 ကာကွယ်ဆေး မထိုးရသေးသော ဝန်ထမ်းများအနေဖြင့် ကာကွယ်ဆေးထိုးနိုင်ရေး ဆောင်ရွက်သွားရန် နှင့် သန့်ရှင်းရေးဝန်းထမ်းများအား ဦးစားပေးကာကွယ်ဆေးထိုးသွားရန် ညွှန်ကြားထားသော်လည်း ဝန်ထမ်းများ၏ မိသားစုဝင်များ မပါဝင်ကြောင်း သိရသည်။

 

ကာကွယ်ဆေးထိုးမည့် ကိစ္စနှင့် ပတ်သက်၍ တည်းခိုခန်း၊ စူပါမားကတ် နှင့် ဈေးသူ ဈေးသားများ ကာကွယ်ဆေးထိုးမည့် အမည်စာရင်းများကို ကောက်ယူရေးအတွက်လည်း  ညွှန်ကြားထားကြောင်း သိရသည်။

ယင်းအပြင် မြို့နယ်များရှိ ခွေးလေခွေးလွင့်များကိုလည်း သုတ်သင်သွားရန်လည်း   ညွှန်ကြားထားသည်။

ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာ၏ ကွပ်ကဲမှုအောက်ရှိ ပြည်နယ်ခွဲများ အထူးအဆင့်၊ (က)အဆင့်၊ (ခ)အဆင့် နှင့် လက်ထောက်ညွှန်ကြားရေးမှူးအဆင့် တာဝန်ထမ်းဆောင်လျက်ရှိသော မြို့နယ်စည်ပင်သာယာရေးဌာနများ၊ Stay at Home ကြေညာထားရှိသည့် မြို့နယ် အမှုဆောင်အရာရှိများနှင့် ၂၀၂၁ခုနှစ် ဇူလိုင်လ(၂၆)ရက်နေ့က Video Conferencing စနစ်ဖြင့် တွေ့ဆုံဆွေးနွေးစဉ် ယင်းသို့ ညွှန်ကြားခြင်း ဖြစ်ကြောင်း သိရှိရသည်။

 

#TachileikNewsAgency