COVID 19 ဒုတိယလှိုင်းဖြစ်နေသည့် အိမ်နီးချင်း လာအိုနိုင်ငံတွင် အတည်ပြုုလူနာသစ် (၁၁၃)ဦးအထိ စံချိန်တင်ထပ်တိုး  

COVID 19 ဒုတိယလှိုင်းဖြစ်နေသည့် အိမ်နီးချင်း လာအိုနိုင်ငံတွင် အတည်ပြုုလူနာသစ် (၁၁၃)ဦးအထိ စံချိန်တင်ထပ်တိုး  

COVID 19 ဒုတိယလှိုင်းဖြစ်နေသည့် အိမ်နီးချင်း လာအိုနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဧပြီလ (၂၆) ရက်နေ့၌ အတည်ပြုလူနာသစ် (၁၁၃) ဦးတွေ့ရသဖြင့် လာအိုတွင် လူနာသစ်အရေအတွက် စံချိန်တင်မြင့်တက်လာခြင်းဖြစ်ပြီး မြန်မာရွှေ့ပြောင်းလုပ်သားများနေထိုင်ရာ ဘိုကျောက်ခရိုင်မှ (၇) ဦးပါဝင်ကြောင်း သိရသည်။



ပထမလှိုင်းအတွင်းက နေ့စဉ်အတည်ပြုလူနာတွေ့ရှိမှုမှာ ဆယ်ဂဏန်းအောက်တွင်သာရှိခဲ့ပြီး သေဆုံးသူမရှိခဲ့သည့် လာအိုနိုင်ငံတွင် ယခုဒုတိယလှိုင်းအတွင်း လူနာတွေ့ရှိမှု ရာဂဏန်းအထိ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။



COVID 19 တတိယလှိုင်းဖြစ်နေသည့် ထိုင်းနိုင်ငံမှနေ၍ လာအိုနိုင်ငံသို့ တရားဝင်/ တရားမဝင် ဝင်ရောက်လာသူများနှင့် ၎င်းတို့နှင့်ဆက်စပ်သူများမှတစ်ဆင့် နိုင်ငံအတွင်း အတည်ပြုလူနာအရေအတွက် ရုတ်ချည်းမြင့်တက်လာကာ ဒုတိယလှိုင်းဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။



လာအိုတွင် နိုင်ငံတွင်း အတည်ပြုလူနာများပြားနေသည့်ဒေသများကို အသွားအလာကန့်သတ်ခြင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကာကွယ်ရေးလမ်းညွှန်ချက်များ ထုတ်ပြန်ခြင်းအပြင် တတိယလှိုင်းဖြစ်နေသည့် ထိုင်းနိုင်ငံဘက်မှနေ၍ တရားမဝင် ဝင်ရောက်လာနိုင်သည့်လမ်းကြောင်းအားလုံးကို လုံခြုံရေးတင်းကြပ်ခြင်းများကို လုပ်ဆောင်နေသည်။