မကွေးတိုင်းတွင် တစ်နေ့တာအတွင်း အတည်ပြုလူနာ (၃၇)ဦးတိုးလာသည့်အနက် ဓာတ်ခွဲနမူနာပို့ ကျန်းမာရေးဝန်ထမ်းတစ်ဦး ပါဝင်

မကွေးတိုင်းတွင် တစ်နေ့တာအတွင်း အတည်ပြုလူနာ (၃၇)ဦးတိုးလာသည့်အနက် ဓာတ်ခွဲနမူနာပို့ ကျန်းမာရေးဝန်ထမ်းတစ်ဦး ပါဝင်
နိုဝင်ဘာ 30, 2020
By Tachileik News Agency
မကွေးတိုင်းတွင် တစ်နေ့တာအတွင်း အတည်ပြုလူနာ (၃၇)ဦးတိုးလာသည့်အနက် ဓာတ်ခွဲနမူနာပို့ ကျန်းမာရေးဝန်ထမ်းတစ်ဦး ပါဝင် 
မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း(၁၁)မြို့နယ်တွင် နိုဝင်ဘာလ(၃၀)ရက်နေ့ညပိုင်း၌ COVID-19 အတည်ပြုလူနာ (၃၇) ဦး ထပ်တိုးလာသည့်အနက် ကျန်းမာရေးဝန်ထမ်း (၁)ဦးပါဝင်ကြောင်း သိရသည်။
“နိုဝင်ဘာ(၃၀)ရက် မွန်းလွဲပိုင်းနဲ့ ညပိုင်းမှာ တိုင်းအတွင်း COVID-19 ပိုးတွေ့လူနာ (၃၇)ဦး ထပ်တိုးတွေ့ရှိပြီး မကွေးမြို့နယ်က (၅)ဦးတွေ့ရှိရတဲ့အနက် မကွေးတိုင်းပြည်သူ့ဆေးရုံကြီးက အကူသူနာပြု ကျန်းမာရေးဝန်ထမ်း(၁)ဦး ပါရှိပါတယ်။ သူက ရန်ကုန်ကိုသွား သွားပြီး swab ပို့ရတဲ့ဝန်ထမ်းပါ။ သူ (၂၆) ရက်နေ့က နောက်ဆုံးပို့ခဲ့တာဖြစ်ပြီး ဒီနေ့မှာ ဖျားလာလို့ စစ်လိုက်တာမှာ ပိုးတွေ့ရတာပါ” ဟု မကွေးတိုင်းပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းဝင်းဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မကွေးတိုင်းပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ နိုဝင်ဘာ(၃၀)ရက်နေ့ ထုတ်ပြန်သည့် RDT နှင့် NHL results တို့အရ COVID-19 အတည်ပြုလူနာများမှာ အောင်လံ (၅)ဦး၊ စလင်း (၅)ဦး၊ ပခုက္ကူ (၂)ဦး၊ ရေနံချောင်း (၂)ဦး၊ မြို့သစ် (၁)ဦး၊ မြိုင် (၂)ဦး၊ မကွေး (၅)ဦး၊ မင်းဘူး (၄)ဦး၊ သရက် (၉)ဦး၊ ပေါက် (၁)ဦးနှင့် ရေစကြို (၁)ဦး စုစုပေါင်း(၃၇)ဦး တို့ ဖြစ်ကြသည်။
ပိုးတွေ့လူနာများအနက် အောင်လံမှ (၄) ဦးနှင့် စလင်းမှ (၂) ဦးမှာ ပိုးတွေ့အတည်ပြုလူနာနှင့် ထိတွေမှုရှိသောကြောင့် အသွားအလာကန့်သတ်ထားသူများဖြစ်ကြကာ ကျန်သူများမှာ ယာဉ်မောင်းနှင့် ရန်ကုန်ပြန်၊ မန္တလေးပြန် Quarantine Centre များဖြစ်ကြောင်းသိရသည်။
မကွေးတိုင်းအတွင်း နိုဝင်ဘာလ (၃၀) ရက်နေ့ ည (၇)နာရီ မိနစ်(၄၀)အချိန်ထိ ပိုးတွေ့လူနာစုစုပေါင်း (၁၄၁၄) ဦးအထိရှိလာပြီး ဆေးရုံတက်ရောက်ဆဲလူနာ (၂၈၄)ဦး၊ ဆေးရုံဆင်းခွင့်ရ လူနာ(၁၁၂၇)ဦး၊ သေဆုံးသူ(၃)ဦးရှိကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဖီးနစ်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~