တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း ဇွန်လ(၂၁)ရက်နေ့ နေ့လည်(၂)နာရီအထိ ဆိုင်ကယ်မောင်းလိုင်စင်များ ပြုလုပ်ပေးနေ

တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း ဇွန်လ(၂၁)ရက်နေ့ နေ့လည်(၂)နာရီအထိ ဆိုင်ကယ်မောင်းလိုင်စင်များ ပြုလုပ်ပေးနေ
ဇှနျ 21, 2019
By Tachileik News Agency

တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းအတွင်း၌ ဆိုင်ကယ်မောင်းလိုင်စင်အား ၂၀၁၉ခုနှစ် ဇွန်လ(၂၁)ရက်နေ့ နံနက်(၉)နာရီက စ၍ ပြုလုပ်ပေးနေပြီး နေ့လည်(၂)နာရီအထိ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်မောင်းလိုင်စင်ပြုလုပ်လိုသူများ အနေဖြင့်  (က-၁) လိုင်စင်ပြုလုပ်ပါက ကျပ် (၁၅,၀၀၀)၊ (က) လိုင်စင် ပြုလုပ်ပါက ကျပ် (၂၅,၀၀၀) ကျသင့်မည်ဖြစ်ပြီး လျှောက်ထားသူများအနေဖြင့်  မှတ်ပုံတင်မူရင်း၊ မိတ္တူတစ်စောင်၊ ပတ်စပို့ဓာတ်ပုံ (၃) ပုံဖြင့် လူကိုယ်တိုင်လာရောက်လျှောက်ထားရမည် ဖြစ်သည်။

တာချီလိတ်ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် အမှတ်(၁၁၉) ယာဉ်ထိန်းတပ်ဖွဲ့စု(တာချီလိတ်ခရိုင်)တို့ ပူးပေါင်းကာ ဆိုင်ကယ်မောင်းနှင်သူတိုင်း ဆိုင်ကယ်မောင်းလိုင်စင်ရှိစေရေးအတွက် အထူးနယ်လှည့်ကွင်းဆင်း ဆောင်ရွက်ပေးနေခြင်း ဖြစ်ပြီး ဇွန်လ(၂၀)ရက်နေ့က အဆိုပါ ရှမ်းရိုးမကွင်းတွင် ဆိုင်ကယ်မောင်းလိုင်စင်အား ပြုလုပ်ပေးရာ လူပေါင်း (၆၀)မှ လာရောက် ဆောင်ရွက်ကြကြောင်း သိရသည်။

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းအတွင်း၌ ဆိုင်ကယ်မောင်းလိုင်စင်အား ၂၀၁၉ခုနှစ် ဇွန်လ(၂၁)ရက်နေ့ နံနက်(၉)နာရီက စ၍ ပြုလုပ်ပေးနပြေီး နေ့လည်(၂)နာရီအထိ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်မောင်းလိုင်စင်ပြုလုပ်လိုသူများ အနဖြေင့် (က-၁) လိုင်စင်ပြုလုပ်ပါက ကျပ် (၁၅,ဝဝဝ)၊ (က) လိုင်စင် ပြုလုပ်ပါက ကျပ် (၂၅,ဝဝဝ) ကျသင့်မည်ဖြစ်ပြီး လျှောက်ထားသူများအနဖြေင့် မှတ်ပုံတင်မူရင်း၊ မိတ္တူတစ်စောင်၊ ပတ်စပို့ဓာတ်ပုံ (၃) ပုံဖြင့် လူကိုယ်တိုင်လာရောက်လျှောက်ထားရမည် ဖြစ်သည်။

တာချီလိတ်ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် အမှတ်(၁၁၉) ယာဉ်ထိန်းတပ်ဖွဲ့စု(တာချီလိတ်ခရိုင်)တို့ ပူးပေါင်းကာ ဆိုင်ကယ်မောင်းနှင်သူတိုင်း ဆိုင်ကယ်မောင်းလိုင်စင်ရှိစေရေးအတွက် အထူးနယ်လှည့်ကွင်းဆင်း ဆောင်ရွက်ပေးနခြေင်း ဖြစ်ပြီး ဇွန်လ(၂၀)ရက်နေ့က အဆိုပါ ရှမ်းရိုးမကွင်းတွင် ဆိုင်ကယ်မောင်းလိုင်စင်အား ပြုလုပ်ပေးရာ လူပေါင်း (၆၀)မှ လာရောက် ဆောင်ရွက်ကြကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net