တာချီလိတ်မြို့တွင် Mask မတပ်ဆင်သူများကို ဒဏ်ငွေ ကျပ်(၂၀၀)သတ်မှတ်သည့် (၂)ရက်အတွင်း စုစုပေါင်း (၃၉၄)ဦး စစ်ဆေးတွေ့ရှိ

တာချီလိတ်မြို့တွင် Mask မတပ်ဆင်သူများကို ဒဏ်ငွေ ကျပ်(၂၀၀)သတ်မှတ်သည့် (၂)ရက်အတွင်း စုစုပေါင်း (၃၉၄)ဦး စစ်ဆေးတွေ့ရှိ
အောက်တိုဘာ 11, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် Mask မတပ်ဆင်သူများကို ဒဏ်ငွေ ကျပ်(၂၀၀)သတ်မှတ်သည့် (၂)ရက်အတွင်း စုစုပေါင်း (၃၉၄)ဦး စစ်ဆေးတွေ့ရှိ 
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်းနှင့် မြို့အဝင်၊ အထွက်ဂိတ်များတွင် Mask မတပ်ဆင်သူများကို ဒဏ်ငွေရိုက်သည့် အစီအစဉ် စတင်သည့် (၂) ရက်တာကာလအတွင်း Mask မတပ်ဆင်သူ စုစုပေါင်း (၃၉၄)ဦးကို ဒဏ်ငွေ ကျပ်(၂၀၀)စီ သတ်မှတ်အရေးယူလိုက်ကြောင်း သိရသည်။ 
ပထမနေ့တွင် ညနေ(၅)နာရီအထိ စုစုပေါင်း (၂၈၅)ဦး စစ်ဆေးတွေ့ရှိထားပြီး ဆက်လက်၍ လုပ်ဆောင်ရာမှ ပထမနေ့ တစ်နေ့တည်းတွင် (၃၅၆)ဦးအထိ ဒဏ်ငွေ သတ်မှတ်ခဲ့ကြခြင်း ဖြစ်သည်။
“ဒီနေ့က (၃၈) ယောက်ပဲ။ မနေ့က (၃၅၆) ယောက်ရှိတယ်။ ဒဏ်ငွေရိုက်တဲ့ အစီအစဉ်က COVID-19 ရောဂါမပြီးမခြင်း ဒါမှမဟုတ် ပြည်သူတွေစည်းကမ်းလိုက်နာတဲ့အထိ လုပ်ဆောင်သွားမှာပါ”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့တွင်း Mask မတပ်ဆင်ပဲ သွားလာနေသူများကို ဒဏ်ငွေကျပ် (၂၀၀) ပေးဆောင်စေပြီး ချက်ခြင်း Mask ဝယ်ယူတပ်ဆင်စေသည့်စနစ်ကို ၂၀၂၀ ခုနှစ် အောက်တိုဘာ (၁၀) ရက်နေ့က စတင်ပြီး အဖွဲ့စုံဖြင့် စစ်ဆေးမှုများကို စတင်လုပ်ဆောင်နေခြင်း ဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~