တာလေမြို့ နားယောင်းကျေးရွာတွင် Covid-19 ကူးစက်ခံထားရသူ  သွားလာခဲ့သည့် အိမ်များကို Lockdown ချ၊ ဈေးဆိုင်များ ယာယီပိတ်မည်

တာလေမြို့ နားယောင်းကျေးရွာတွင် Covid-19 ကူးစက်ခံထားရသူ  သွားလာခဲ့သည့် အိမ်များကို Lockdown ချ၊ ဈေးဆိုင်များ ယာယီပိတ်မည်
ဇူလိုင် 23, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ တာလေမြို့ နားယောင်းကျေးရွာမှ COVID 19 အတည်ပြုလူနာ သွားလာခဲ့သည့် နေအိမ်များကို Lockdown ချပြီး ရွာတွင်းဈေးဆိုင်များကိုလည်း ယာယီပိတ်ထားမည်ဟု သိရသည်။

မိုင်းဆတ်မြို့မှပြန်လာ၍ နေအိမ်အသွား အလာကန့်သတ်ထားသည့် အမျိုးသား (၁) ဦးကို ၂၀၂၁ ခုနှစ် ဇူလိုင်လ (၂၃) ရက်နေ့၌ ကျန်းမာရေးက စစ်ဆေးပေးရာ COVID 19 ပိုးတွေ့ရသဖြင့် အဆိုပါ အတည်ပြုလူနာအား တာလေဆေးရုံတွင် ထားရှိမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အတည်ပြုလူနာ အမျိုးသား Home Quarantine သတ်မှတ်ထားစဉ် အတွင်း သွားလာလည်ပတ်ခဲ့သည့် နားယောင်းကျေးရွာအတွင်းမှ နေအိမ် (၁၀) အိမ်နှင့်အထက်ကို  Lockdown  သတ်မှတ်ထားပြီး ကျေးရွာအတွင်း ဈေးဆိုင်များကိုလည်း ယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်း တာချီလိတ်မြို့မှာ အတည်ပြုလူနာ (၈၅၀) ကျော်ဖြင့် Stay at Home သတ်မှတ်ထားကာ တာလေတွင် (၁) ဦးတွေ့ရှိပြီး ကျိုင်းလပ်တွင် မတွေ့ရသေးကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက် ဖြစ်ပွားနေသည့် COVID 19 တတိယလှိုင်းတွင် COVID 19 အတည်ပြုလူနာများနှင့် ထိတွေ့များအား ရှာဖွေဖေါ်ထုတ်ခြင်း၊ ဗိုင်းရပ်စ်ကူးစက်မှုကိုကာကွယ်ရန် အသွားအလာကန့်သတ်ခြင်းများကို ယခင် ပထမလှိုင်းနှင့် ဒုတိယလှိုင်းကာလများကဲ့သို့ လုပ်ဆောင်နိုင်ခြင်းမရှိသည့်အပြင် COVID 19 စစ်ဆေးခြင်းကိုလည်း ယခင်ကကဲ့သို့ လုပ်ဆောင်နိုင်ခြင်းမရှိဘဲ Test Kit များကို အားပြုလုပ်ဆောင်နေရကြောင်း သိရသည်။

#TachileikNewsAgency