တာချီလိတ်ပြည်သူ့ဆေးရုံတွင် ကိုရိုနာစောင့်ကြည့်လူနာ (၂)ဦး ရောက်ရှိ

တာချီလိတ်ပြည်သူ့ဆေးရုံတွင် ကိုရိုနာစောင့်ကြည့်လူနာ (၂)ဦး ရောက်ရှိ
မတ် 16, 2020
By Tachileik News Agency
တာချီလိတ်ပြည်သူ့ဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ (၂)ဦး ရောက်ရှိ

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် တရုတ်နိုင်ငံသား (၂) ဦးကို ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့် လူနာများအဖြစ် ၂၀၂၀ ခုနှစ်၊  မတ်လ (၁၆) ရက်နေ့ နေ့လယ်ပိုင်းက ခရိုင်ပြည်သူ့ဆေးရုံ သီးသန့်စောင့်ကြည့်ကုသခန်းတွင် ခေါ်ဆောင်ထားသည်။

အဆိုပါ သံသယရှိ တရုတ်နိုင်ငံသား (၂)ဦးသည် ဆေးရုံလိုက်ရန် ငြင်းဆန်နေသဖြင့် တရုတ်သံရုံးအကူအညီဖြင့် ခေါ်ဆောင်ထားရခြင်းဖြစ်သည်။

အဆိုပါ တရုတ်နိုင်ငံသားများအား ဆေးရုံသို့ခေါ်ဆောင်ရန် နံနက် (၉)နာရီကတည်းက တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရဲနိုင်အောင်၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော၊  မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ညီညီဌေး နှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့စုများ၊ စစ်ဘက်ဆိုင်ရာ အထူးလုံခြုံရေးတပ်ဖွဲ့ (စရဖ)၊တာချီလိတ်ခရိုင်ဆေးရုံကြီးမှ လက်ထောက်ဆရာဝန် ဒေါက်တာဟန်လင်းစိုး နှင့် ကျန်းမာရေးအဖွဲ့များ၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန(တာချီလိတ်ရုံးခွဲ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်ဝင်း၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၁၄)မှ ဒုတိယရဲမှူး စိုးနိုင် နှင့် တပ်ဖွဲ့ဝင်များ၊ မယ်ခေါင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဉီးစိုင်းအွတ် နှင့်အဖွဲ့ အပါအဝင် ဟိုတယ်မှ တာဝန်ရှိသူများက နံနက် (၉)နာရီကတည်းက ကြိုးပမ်းနေခြင်းဖြစ်သော်လည်း ဆေးရုံလိုက်ရန် ငြင်းဆန်နေကြသဖြင့် တရုတ်သံရုံးအကူအညီ ရယူခဲ့ရပြီး နေ့လယ် (၁၂)နာရီကျော်တွင် ဆေးရုံသို့ခေါ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့သည် တရုတ်နိုင်ငံ၊ ကူမင်းမြို့မှ မတ်လ (၁၀)ရက်နေ့တွင် စတင်ထွက်ခွာလာပြီး မန်စီမြို့မှတစ်ဆင့် မန္တလေးမြို့သို့ မတ်လ (၁၁)ရက်နေ့တွင်လည်းကောင်း၊ မန္တလေးမြို့မှ တာချီလိတ်မြို့သို့ မတ်လ (၁၂)ရက်နေ့တွင်လည်းကောင်း ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~