တာချီလိတ်မြို့တွင်း လျှပ်စစ်ဘေးအန္တရာယ်ကင်းရှင်းရေး အဖုံးအကာပါသည့် မီးကြိုးများ လဲလှယ်တပ်ဆင်

တာချီလိတ်မြို့တွင်း လျှပ်စစ်ဘေးအန္တရာယ်ကင်းရှင်းရေး အဖုံးအကာပါသည့် မီးကြိုးများ လဲလှယ်တပ်ဆင်
ဒီဇင်ဘာ 19, 2019
By 🌸




တာချီလိတ်မြို့တွင်း လျှပ်စစ်ဘေးအန္တရာယ်ကင်းရှင်းရေး အဖုံးအကာပါသည့် မီးကြိုးများ လဲလှယ်တပ်ဆင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် လျှပ်စစ်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အဖုံးအကာပါသည့် မီးကြိုးများ လဲလှယ်တပ်ဆင်ခြင်းကို မကာဟိုခမ်းရပ်ကွက်တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၈)ရက်နေ့က စတင်ဆောင်ရွက်နေပြီး ကျန်အပိုင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။

 "ဒီဘက်လိုင်းက မီးသုံးစွဲမှုများတဲ့အတွက် ကြိုးတွေလဲတာ။ ရိုးရိုးကြိုးတွေထက် ခံနိုင်ရည်ပိုရှိသွားတာပေ့ါ။ ကျောင်းရှေ့ကနေစပြီး တဖြည်းဖြည်းလဲသွားမှာပေါ့။ ဒီဘက်ပိုင်းက ဟိုတယ်တွေလည်း များတယ်။ မီးသုံးစွဲမှုများတယ်။ ဒီအပိုင်းပြီးသွားရင် ရွှေတိဂုံအောက်ပိုင်း ဆက်လဲမယ်"ဟု တာချီလိတ်မြို့ မီးလင်းရေးကော်မတီမှ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးစိုင်းခမ်းမွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယခင်တပ်ဆင်ထားသည့် CSR-50 မီလီမီတာ ကြိုးဟောင်းများကို SAC-180 မီလီမီတာကြိုးများဖြင့် လဲလှယ်တပ်ဆင်ခြင်းကို ဒီဇင်ဘာ (၂၂) ရက်နေ့တွင် စတင်ရန်စီစဉ်ထားသော်လည်း ဒီဇင်ဘာလ (၁၈)ရက်နေ့က ထိုင်းနိုင်ငံဘက်တွင် မီးတိုင်ကို ကားဝင်တိုက်၍ နံနက် (၇)နာရီခွဲမှ ညနေ (၅)နာရီ (၄၃)မိနစ်အထိ လျှပ်စစ်မီး ဖြတ်တောက်ထားခဲ့သည့်အတွက် စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင်း လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ပျောက်ဆုံးယူနစ်များ လျော့ချနိုင်ရေးအတွက် ယခင်တပ်ဆင်ထားသည့် မီးကြိုးဟောင်းများကို အဖုံးအကာပါသည့် မီးကြိုးအသစ်များနှင့် လဲလှယ်တပ်ဆင်မှုများကို မီးလင်းရေးကော်မတီသစ်က စတင်လုပ်ဆောင်လာခြင်းဖြစ်သည်။

Tachileik News Agency
သတင်း ဟန်စိုးထိုက်
ဓါတ်ပုံ - ဟန်စိုးထိုက်၊ ကျော်ဇင်ဟိန်း
⊰❂ #TachileikNewsAgency #TNA #TachileikOnlineNews #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net ❂⊱

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~