တာချီလိတ်ခရိုင်အတွင်း ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားရသည့် အသက်(၁၈)နှစ်အောက် လူငယ်အချို့ကို လွှတ်ပေးရန် စီစဉ်

တာချီလိတ်ခရိုင်အတွင်း ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားရသည့် အသက်(၁၈)နှစ်အောက် လူငယ်အချို့ကို လွှတ်ပေးရန် စီစဉ်
ဇူလိုင် 23, 2021 | ရှမ်းရှေ့

နိုင်ငံ့အာဏာသိမ်းခံရပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်မှုများတွင် ပါဝင်သည်ဟု ဆိုကာ ဖမ်းဆီးထားသူများထဲက ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရသည့် အသက်(၁၈)နှစ်အောက် လူငယ်များကို ပြန်လည်လွှတ်ပေးရန်အတွက် စီစဉ်နေရာ တာချီလိတ်ခရိုင်အတွင်းမှ လူငယ်(၉)ဦး ပါဝင်ကြောင်း သိရသည်။

၂၀၂၁၀ခုနှစ် ဇူလိုင်လ(၂၃)ရက်နေ့က စတင်ကာ ပြန်လွှတ်ပေးမည့် တာချီလိတ်ခရိုင်အတွင်းထဲက လူငယ်(၉)ဦးတွင် မိုင်းဖြတ်မြို့မှ (၁)ဦး နှင့် တာချီလိတ်မြို့မှ (၈)ဦး ပါဝင်မည်ဖြစ်ကြောင်း သိရသော်လည်း အမည်များကိုတော့ မသိရသေးပါ။

အလားသူ ကျိုင်းတုံတွင်လည်း ပါဝင်သည်ဟု သိရသော်လည်း မည်မျှလွှတ်ပေးမည်ကိုတော့ အတည်မပြုနိုင်သေးပါ။

ယခုလို လွှတ်ပေးရာတွင်လည်း ရဲတပ်ဖွဲ့အနေဖြင့် ငွေကြေးကောက်ခံခြင်း မပြုလုပ်ရန် နှင့် နေအိမ်အရောက် မိဘအုပ်ထိန်းသူထံ အပ်နှံပေးရန်လည်း ညွှန်ကြားထားကြောင်း သိရသည်။

#TachileikNewsAgency