တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း နှင့် လမ်းမကြီးတစ်လျှောက်ရှိ ညဈေးနှင့်ဈေးသည်များအားလုံး ည(၈)နာရီထက် ကျော်လွန်ပြီး ဈေးမရောင်းရန် စည်ပင် အသိပေး

တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း နှင့် လမ်းမကြီးတစ်လျှောက်ရှိ ညဈေးနှင့်ဈေးသည်များအားလုံး ည(၈)နာရီထက် ကျော်လွန်ပြီး ဈေးမရောင်းရန် စည်ပင် အသိပေး
မေ 27, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း အပါအဝင်  ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးရှိ ညဈေး နှင့် လမ်းဘေးဈေးသည်များအားလုံး  ည(၈)နာရီထက် ကျော်လွန်ပြီး ဖွင့်လှစ်ရောင်းချခြင်း မပြုလုပ်ရန် ၂၀၂၁ခုနှစ် မေလ(၂၆)ရက်နေ့ ည(၈)နာရီမထိုးမီ အချိန်က စည်ပင်ဝန်ထမ်းများမှ အကြောင်းကြားစာများ လိုက်ဝေကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ညမထွက်ရ အဖြစ် ည(၈)နာရီမှ နောက်တစ်နေ့ နံနက်(၄)နာရီအတွင်း   အမိန့်ထုတ်ထားပြီး ည(၈)နာရီနောက်ပိုင်းတွင် ပိတ်ဆို့ စစ်ဆေးမှုများပြုလုပ်ရန် အစီအစဉ်များထားရှိပြီး စစ်ဆေးသည့် အခါမှာလည်း ဖုန်းများပါ ယူစစ်မည်ဟု သိရသည်။

 တာချီလိတ်မြို့တွင် ညမထွက်ရအမိန့်အား ယခင်က Covid-19 ကာကွယ်ရန်အတွက်သာ ထုတ်ထားခြင်းဖြစ်သော်လည်း ယခုအခါမှာ ဒေသတွင်း တည်ငြိမ်ရေးအတွက်ဟုဆိုကာ ညမထွက်ရအမိန့်ကို ဆက်လက်ထုတ်ပြန်ထားခြင်းဖြစ်သော်လည်း ညပိုင်းများတွင် ဆိုင်ကယ်ခိုးခံရမှုများ နေ့စဉ် ဖြစ်ပွားနေသည်။