တာချီလိတ်မြို့၏ ဇူလိုင်လ(၂၂)ရက်နေ့ ညနေပိုင်းအထိ Covid-19 ကူးစက်ခံထားရသူ (၃၇)ဦး ထပ်တိုးတွေ့ရှိ

တာချီလိတ်မြို့၏ ဇူလိုင်လ(၂၂)ရက်နေ့ ညနေပိုင်းအထိ Covid-19 ကူးစက်ခံထားရသူ (၃၇)ဦး ထပ်တိုးတွေ့ရှိ
ဇူလိုင် 22, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ယနေ့ ဇူလိုင်လ(၂၂)ရက်နေ့ ညနေပိုင်းအထိ Covid-19 ကူးစက်ခံရသူ (၃၇)ဦး ထပ်တိုးကြောင်း သိရသည်။

ယနေ့ ဇူလိုင်လ(၂၂)ရက်နေ့ နံနက်ပိုင်းမှ ညနေပိုင်းအထိ (၁၃၂)ဦးအား စစ်ဆေးရာမှ  Covid-19 ကူးစက်ခံထားရသည့် (၂၃)ဦးတွင် အမျိုးသား(၁၄)ဦး နှင့် အမျိုးသမီး(၃၇)ဦး တို့ ပါဝင်ရာ  အသက်အငယ်ဆုံး အနေဖြင့် (၈)နှစ်အရွယ်မှ (၇၈)နှစ်အထိအရွယ်များ ပါဝင်ကြောင်းလည်း သိရသည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းကာလအတွင်း ဇွန်လ(၂၈)ရက်နေ့မှ ယနေ့ ဇူလိုင်လ(၂၂)ရက်နေ့ ညနေပိုင်းအထိ Covid-19 ကူးစက်ခံထားရသူ (၈၃၀)ကျော်ရှိနေသလို စောင့်ကြည့်ကုသဆောင်ကနေ နေအိမ်ပြန်ခွင့်ရရှိသွားသူမှာလည်း (၂၀၀)ကျော်ရှိနေကြောင်း နှင့် သေဆုံးသူမှာ (၂)ဦး ရှိကြောင်း သိရသည်။