ကျိုင်းတုံမြို့တွင် ဘိန်းဖြူ ကီလို (၁၀၀)ကျော် ဖမ်းဆီးရမိ

ကျိုင်းတုံမြို့တွင် ဘိန်းဖြူ ကီလို (၁၀၀)ကျော် ဖမ်းဆီးရမိ
အောက်တိုဘာ 13, 2020
By Tachileik News Agency
ကျိုင်းတုံမြို့တွင် ဘိန်းဖြူ ကီလို (၁၀၀)ကျော် ဖမ်းဆီးရမိ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်း တောင်ကြီး - ကျိုင်းတုံသွားလမ်းပေါ် ကျိုင်းဖောင်းကျေးရွာအနီးရှိ Covid-19 စစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်တစ်စီးအား ရပ်တန့်ရန် တားမြစ်စဉ် မောင်းနင်ထွက်ပြေး၍ လိုက်ဖမ်းရာက  မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

ကျိုင်းဖောင်းကျေးရွာအနီးရှိ Covid-19 စစ်ဆေးရေးစခန်းတွင် ၂၀၂၀ခုနှစ်‌ အောက်တိုဘာလ(၁၂)ရက်နေ့ နံနက်ပိုင်းက စစ်ဆေးမှုများ ပြုလုပ်နေစဉ် မိုင်းပျဉ်းမြို့ဘက်မှ ကျိုင်းတုံဘက်သို့ လာသည့် Vigo အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရာ အဆိုပါ ယာဉ်မှာ ရပ်တန့်ခြင်း မရှိဘဲ မောင်းနှင်ထွက်ပြေးသည့် အတွက် ပိတ်ဆို့ ဖမ်းဆီးရာမှ ကျိုင်းတုံမြို့ နောင်ရိုးလမ်းရှိ ယာဉ်ထိန်းရုံးရှေ့ ဝန်းကျင်တွင် ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း မူးယစ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားရှိသည်။ 

ဖမ်းဆီးရမိသည့် မော်တော်ယာဉ်အတွင်း ဆက်လက်စစ်ဆေးရှာဖွေရာက ယာဉ်နောက်ခန်းအတွင်းထဲက ဆာလာအိတ်များထဲမှ ဘိန်းဖြူ အလေးချိန် စုစုပေါင်း (၁၁၀ ဒသမ ၉၅ )ကီလိုကို တွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အသက်(၃၅)နှစ်ရှိ ကျဟဲ နှင့် အသက်(၁၅)နှစ်ရှိ ကျစောနဲ ဆိုသူတို့အား ကျိုင်းတုံမြို့မရဲစခန်းတွင်  မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် စစ်ဆေးနေပြီး ကွင်းဆက်တရားခံများကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

 

Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~