တာချီလိတ်ရှိ မြသဟာဆေးရုံ၌ အသည်းရောင်အသားဝါ ဘီပိုး အခမဲ့စစ်ဆေး၊ ကာကွယ်ဆေးထိုးခြင်း ဇူလိုင် (၂၇)ရက်နေ့၌ ဆောင်ရွက်ပေးမည်

တာချီလိတ်ရှိ မြသဟာဆေးရုံ၌ အသည်းရောင်အသားဝါ ဘီပိုး အခမဲ့စစ်ဆေး၊ ကာကွယ်ဆေးထိုးခြင်း ဇူလိုင် (၂၇)ရက်နေ့၌ ဆောင်ရွက်ပေးမည်
ဇူလိုင် 26, 2020
By Tachileik News Agency
တာချီလိတ်ရှိ မြသဟာဆေးရုံ၌ အသည်းရောင်အသားဝါ ဘီပိုး အခမဲ့စစ်ဆေး၊ ကာကွယ်ဆေးထိုးခြင်း ဇူလိုင် (၂၇)ရက်နေ့၌ ဆောင်ရွက်ပေးမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြသဟာဆေးရုံ (အဆွေတော်မိသားစု)တွင် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၇)ရက်နေ့၌ လူဦးရေ (၃၀)ကို အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေး အခမဲ့ စမ်းသပ်ထိုးနှံပေးမည်ဖြစ်ပြီး ကုသမှုခံယူရန်လိုအပ်ပါက (၁၀)ဦးအထိ အခမဲ့ကုသပေးမည်ဖြစ်ကြောင်း သိရသည်။

အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါ ဖောင်ဒေးရှင်း (မြန်မာ (GI and Liver Foundation -Myanmar) ၏ တာချီလိတ်ရုံးခွဲကို မြသဟာဆေးရုံ(အဆွေတော်မိသားစု)၌ ဇူလိုင်လ (၂၇)ရက်နေ့ နံနက် (၉)နာရီမှစ၍ ဖွင့်လှစ်မည့် အထိမ်းအမှတ်အဖြစ် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

အသည်းရောင်အသားဝါဘီပိုး အခမဲ့စစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးခြင်း၊ ကုသမှုခံယူခြင်းများအတွက် ဇူလိုင်လ (၂၇)ရက်နေ့ နံနက် (၉)နာရီမှစ၍ မြသဟာ (အဆွေတော်မိသားစု)ဆေးရုံ၌ လာရောက်စာရင်းပေးသွင်းနိုင်ကြမည်ဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~