လွိုင်ကော်မြို့မှ အသက်ရွယ်အို (၄)ဦးတွင် Covid-19 ပိုးတွေ့

လွိုင်ကော်မြို့မှ အသက်ရွယ်အို (၄)ဦးတွင် Covid-19 ပိုးတွေ့
ဇူလိုင် 15, 2021 | Covid-19| ကယား

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့တွင် ၂၀၂၁ ခုနှစ် ဇူလိုင်လ(၁၅)ရက်နေ့၏ စစ်ဆေးချက်အရ Covid-19 အတည်ပြုလူနာသစ် (၄)ဦး ထပ်မံတွေ့ရှိခဲ့ရကြောင်း သိရသည်။ 

Covud-19 သံသယရှိသူ (၁၁)ဦးအား လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင်  RDT ဖြင့် စစ်ဆေးရာမှ ပိုးတွေ့ရှိသူ အတည်ပြုလူနာ (၄)ဦးထပ်မံတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

ပိုးတွေ့ရှိသူ အတည်ပြုလူနာများမှာ လွိုင်ကော်မြို့ ဈေးပိုင်းရပ်ကွက်မှ အသက် (၇၄)နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် (၆၆)နှစ်အရွယ် အမျိုးသားတစ်ဦး၊ မင်္ဂလာရပ်ကွက်မှ အသက် (၇၂)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ ထေးသမရပ်ကွက်မှ အသက် (၇၁)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းတို့မှာ Covid-19 ပိုးတွေ့ရှိသူများနှင့် ထိတွေ့ဖူးသူများ ဖြစ်ကြောင်း သိရသည်။ 

Covid-19 ပိုးတွေ့ရှိသူများမှာ ဇူလိုင်လ(၁၅)ရက်နေ့ထိ လွိုင်ကော်မြို့တွင် (၁၂၃)ဦး၊ ဖရူဆိုမြို့တွင် ( ၅) ဦး၊ ဘောလခဲမြို့တွင် ( ၈ )ဦး၊ ဖားဆောင်းမြို့တွင်(၁)ဦးတို့ဖြစ်ပြီး တစ်ပြည်နယ်လုံးတွင် Covid-19 တတိယလှိုင်းကာလအတွင်း စုစုပေါင်း ပိုးတွေ့ရှိသူ (၁၃၇)ဦးထိ ရှိလာပြီဖြစ်ပြီး သေဆုံးသူမှ (၄)ဦးရှိပြီဖြစ်ကြောင်း သိရသည်။