ကျောက်မဲမြို့နယ်အတွင်း COVID 19 တတိယလှိုင်းအတွက် အောက်ဆီဂျင်လိုအပ်မှုကို ဖြည့်ဆည်းနိုင်ရန် စက်ရုံတည်ဆောက်နိုင်ရန် ကြိုးပမ်းနေ

နမူနာပုံစံများ ဖြစ်ပါသည်
နမူနာပုံစံများ ဖြစ်ပါသည်
ကျောက်မဲမြို့နယ်အတွင်း COVID 19 တတိယလှိုင်းအတွက် အောက်ဆီဂျင်လိုအပ်မှုကို ဖြည့်ဆည်းနိုင်ရန် စက်ရုံတည်ဆောက်နိုင်ရန် ကြိုးပမ်းနေ
ဇူလိုင် 15, 2021 | Covid-19| ရှမ်းမြောက်

 ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် COVID 19 တတိယလှိုင်းအတွင်း အောက်ဆီဂျင် အခမဲ့ပံ့ပိုးနိုင်ရန်အတွက်  မြို့မိမြို့ဖ မတည်ငွေနှင့် အများပြည်သူလှူဒါန်းမှုပူးပေါင်း၍ အောက်ဆီဂျင်စက်ကို (၄၅) ရက်အတွင်း အပြီးတည်ရန် ကြိုးစားနေသည်ဟု သိရသည်။

နမူနာပုံစံများ ဖြစ်ပါသည်

အောက်ဆီဂျင်စက်ကြီးက ကျပ်သိန်းတစ်ထောင်ဝန်းကျင် ကုန်ကျမယ်။ ကျွန်မတို့က ကွန်တိန်နာနဲ့မယူဘဲ စက်ချည်းပဲယူပြီးတော့ ကျောက်မဲမှာ နေရာတစ်ခုသတ်မှတ်ပြီး အထိုင်ထားပေးမှာဖြစ်ပါတယ်။ မြို့သူ မြို့သားတွေက အောက်ဆီဂျင်လိုအပ်လာတဲ့အခါကျရင် ကျွန်မတို့ဆီကနေ လုံးဝ အခမဲ့ ဖြည့်ပေးနိုင်ဖို့ လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ နောက်ပိုင်းမှ ဝန်ထမ်းတွေဘာတွေထားပြီး အတည်တကျလုပ်ရတဲ့အခါ ဝန်ဆောင်ခအနည်းအကျဉ်းတော့ ကောက်ခံဖို့ရှိမယ်ထင်ပါတယ်

ဟု ကျောက်မဲတွင် အခမဲ့အောက်ဆီဂျင် ဖြည့်တင်းစက် ဖြစ်မြောက်ရေး ကြိုးပမ်းနေသူ တစ်ဦးက ပြောသည်။

အဆိုပါစက်အတွက် လျှပ်စစ်ဓါတ်အားရယူအသုံးပြုနိုင်မှုနှင့် မြေနေရာအကျယ်အဝန်းအဆင်ပြေသည့် ကျောက်မဲမြို့ တောင်နောက်ရပ်ရှိ “အဆင့်မြင့် သက်ကြီးဘိုးဘွားစောင့်ရှောက်ရေး စင်တာ”တွင် ထားရှိမည်ဟု သိရသည်။

 နမူနာပုံစံများ ဖြစ်ပါသည်

စက်တည်ဆောက်ပြီးစီးပါက ထိန်းသိမ်းစောင့်ရှောက်ရန် အမြဲတမ်းဝန်ထမ်းများထားရှိမည့်အပြင် ကျောက်မဲမြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ချိတ်ဆက်၍ ပြုပြင်၊ ထိန်းသိမ်း၊ ကိုင်တွယ်၊ အသုံးပြုနည်းများကိုလည်း စနစ်တကျအသုံးပြုတတ်စေရန် နည်းပညာမျှဝေခြင်းတို့ကို ပြုလုပ်မည်ဟု သိရသည်။

ဇူလိုင်လ (၁၅) ရက်နေ့ နံနက်အစောပိုင်းထိ ကျောက်မဲမြို့နယ်အတွင်း ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း ( ၂၀၃ )  ဦးရှိနေပြီး ဆေးကုသနေစဉ် သေဆုံးသူ ( ၆ )ဦး၊ ရောဂါသက်သာ၍ ဆေးရုံမှဆင်းသွားရသူ ( ၅၀ )ဦးခန့် ရှိနေပြီဖြစ်သည်။

ကျောက်မဲတွင်ထားရှိမည့် အောက်ဆီဂျင်စက်နှင့်ပတ်သက်၍ ဆက်သွယ်လိုသူများ ဖုန်း 09-785276296 ၊ 09-785275750 ၊ 09-765275884 ၊ 09-5275365 နှင့် 09-793666999 တို့သို့ ဆက်သွယ်နိုင်ကြသည်ဟု သိရသည်။