မိုင်းယောင်းမြို့တွင် Coivd-19 ကို ထိရောက်စွာ ကာကွယ်ရေးအတွက် Mask မတပ်ဘဲ သွားလာသူများအား ကိုယ့်ငွေနဲ့ကိုယ် အခု ဝယ်၊ အခု တပ် အစီအစဉ်ဖြစ် ဒဏ်ပေး ကြပ်မတ်

Photo: မိုင်းယောင်း ထွေအုပ်
Photo: မိုင်းယောင်း ထွေအုပ်
မိုင်းယောင်းမြို့တွင် Coivd-19 ကို ထိရောက်စွာ ကာကွယ်ရေးအတွက် Mask မတပ်ဘဲ သွားလာသူများအား ကိုယ့်ငွေနဲ့ကိုယ် အခု ဝယ်၊ အခု တပ် အစီအစဉ်ဖြစ် ဒဏ်ပေး ကြပ်မတ်
ဇူလိုင် 15, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့တွင် Mask မတပ်ဘဲ သွားလာနေသူများကို ကိုယ်ပိုင်ငွေဖြင့် Mask ဝယ်ယူစေပြီး အခုဝယ် အခုတပ်စနစ်ဖြင့် ကြပ်မတ်နေကြောင်း သိရသည်။ 

စုပေါင်းအဖွဲ့မှ မြို့ပေါ်တွင် Covid-19 ထိန်းချုပ်ကာကွယ်ရေးအတွက် ပညာပေးမှုများ လုပ်ဆောင်စဉ် Mask မတပ်ဘဲ သွားလာနေသူများကို ယခင်က Mask များ အခမဲ့ ပေးဝေခဲ့သော်လည်း ယခုအခါမှာ Mask (၅)ခုကို ကျပ်(၁,၀၀၀)ဖြင့် ဝယ်ယူစေပြီး အခုဝယ် အခုတပ်စနစ်ဖြင့် ဒဏ်ပေးသည့် စနစ်မျိုး လုပ်ဆောင်ခြင်း အဖြစ် ဇူလိုင်လ(၁၄)ရက်နေ့က စ၍ လုပ်ဆောင်ကြောင်း သိရသည်။

ခါတိုင်းကတော့ အသိပညာပေးရင်း Mask တွေကို အခမဲ့ ဝေပေးတာတွေ လုပ်ပါတယ်။ အခုကတော့  Covid-19 ကို ကိုယ်တိုင်ကိုယ်ကျ ကာကွယ်နိုင်အောင်။ အလေးထားအောင်လို့ အခုလို လုပ်တာပါ။ Mask မတပ်လာသူတွေကလည်း ကြည်ကြည်ဖြူဖြူ လက်ခံကြပါတယ်။

ဟု ပူးပေါင်းအဖွဲ့မှ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မိုင်းယောင်းမြို့တွင် Covid-19 ကာကွယ်ရေးအတွက် စားသောက်ဆိုင်များအားလုံး ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်သတ်မှတ်ထားပြီး မိမိကိုယ်ကိုယ် Covid-19 သံသယရှိသူများအနေဖြင့်လည်း ၊ မိုင်းယောင်းမြို့ အမှတ်(၉)ရပ်ကွက်အုပ်ချုပ်‌ရေးမှူးရုံး‌ရှေ့ရှိ အဆောက်အဦး၏ Fever Clinic တွင်  အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ၊ နံနက်(၉)နာရီမှ မွန်းလွဲ(၁)နာရီအတွင်း လာရောက်၍ စစ်ဆေးမှု ခံယူနိုင်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။ 

မိုင်းယောင်းမြို့နယ်၏ Covid-19 တတိယလှိုင်းအား ၂၀၂၁ခုနှစ် ဇူလိုင်လ(၅)ရက်နေ့က စတင်ခဲ့ရာ ဇူလိုင်လ(၁၄)ရက်နေ့အထိ Covid-19 ကူးစက်ခံထားရသူ (၇)ဦးအထိ တွေ့ရှိထားကြောင်းနှင့် လက်ရှိတွင် ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ မစိုးရိမ်ရကြောင်း သိရသည်။