ႏိုင္ငံေတာ္သမၼတ၏ တတိယအႀကိမ္လြတ္ၿငိမ္းသက္သာတြင္ ရွမ္းျပည္နယ္အေရွ႕ပိုင္းရွိ အက်ဥ္းေထာင္(၂)ခုမွ အက်ဥ္းသား (၁၄၄)ဦး လြတ္ေျမာက္လာရာ မူးယစ္မႈျဖင့္ က်ခံခဲ့ရသူ အမ်ားအျပား ပါ၀င္

ႏိုင္ငံေတာ္သမၼတ၏ တတိယအႀကိမ္လြတ္ၿငိမ္းသက္သာတြင္ ရွမ္းျပည္နယ္အေရွ႕ပိုင္းရွိ အက်ဥ္းေထာင္(၂)ခုမွ အက်ဥ္းသား (၁၄၄)ဦး လြတ္ေျမာက္လာရာ မူးယစ္မႈျဖင့္ က်ခံခဲ့ရသူ အမ်ားအျပား ပါ၀င္
မေ 7, 2019
By Tachileik News Agency

၂၀၁၉ခုႏွစ္ ျမန္မာ့ႏွစ္သစ္ကူးအထိမ္းအမွတ္အျဖစ္ ႏိုင္ငံေတာ္သမၼတ၏ လြတ္ၿငိမ္းသက္သာခြင့္ တတိယအႀကိမ္တြင္ ရွမ္းျပည္နယ္အေရွ႕ပိုင္းအတြင္းရွိ အက်ဥ္းေထာင္ႏွစ္ခုတို႔မွ အက်ဥ္းသား၊ အက်ဥ္းသူ စုစုေပါင္း (၁၄၄)ဦး လြတ္ေျမာက္လာေၾကာင္း သိရသည္။

ထိုသို႔ လႊတ္ေျမာက္ရာတြင္ မိုင္းဆတ္အက်ဥ္းေထာင္မွ အက်ဥ္းသား(၄၄)ဦး ႏွင့္ အက်ဥ္းသူ(၁၇)ဦး လြတ္ေျမာက္ရာ မူးယစ္ေဆး၀ါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာေဆး၀ါးမ်ားဆိုင္ရာဥပေဒပုဒ္မ၊ ၁၅ ျဖင့္ ျပစ္ဒဏ္က်ခံေနရသူမ်ားျပားေၾကာင္း ႏွင့္ က်ဳိင္းတံုအက်ဥ္းေထာင္မွ အက်ဥ္းသား(၇၁)ဦးႏွင့္ အက်ဥ္းသူ(၁၂)ဦး လြတ္ေျမာက္ရာတြင္လည္း မူးယစ္မႈျဖင့္ ျပစ္ဒဏ္က်ခံရသူမ်ားျပားေၾကာင္း သိရသည္။

"ဒီေနာက္ဆံုး အသုတ္မွာ အသက္ႀကီးတဲ့ အက်ဥ္းသားေတြ၊ ကေလးအက်ဥ္းသားေတြနဲ႔ မူးယစ္ေဆး၀ါး အျပား(၃၉)နဲ႔ အက်ဥ္းက်ခံရတဲ့ အက်ဥ္းသားေတြ ဒါေတြ အမ်ားစု ပါပါတယ္"ဟု ႏိုင္ငံေတာ္သမၼတရံုး ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးက ေမလ(၇)ရက္ေန႔တြင္ တာခ်ီလိတ္သတင္းေအဂ်င္စီအပါအဝင္ သတင္းမီဒီယာမ်ားအား ေျဖၾကားခဲ့ျခင္းျဖစ္သည္။

ႏိုင္ငံေတာ္သမၼတ၏ တတိယအႀကိမ္ေျမာက္ လြတ္ၿငိမ္းသက္သာခြင့္အျဖစ္ ၂၀၁၉ခုႏွစ္ ေမလ(၇)ရက္ေန႔တြင္ (၆,၅၂၀)ဦး လြတ္ေပးလာရာ  လြတ္ၿငိမ္းသက္သာခြင့္၏ (၃)ႀကိမ္စုစုေပါင္းတြင္ အက်ဥ္းသား(၂၃,၀၁၉)ဦး ပါ၀င္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

၂၀၁၉ခုနှစ် မြန်မာ့နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့် တတိယအကြိမ်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်းရှိ အကျဉ်းထောင်နှစ်ခုတို့မှ အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း (၁၄၄)ဦး လွတ်မြောက်လာကြောင်း သိရသည်။

ထိုသို့ လွှတ်မြောက်ရာတွင် မိုင်းဆတ်အကျဉ်းထောင်မှ အကျဉ်းသား(၄၄)ဦး နှင့် အကျဉ်းသူ(၁၇)ဦး လွတ်မြောက်ရာ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ၊ ၁၅ ဖြင့် ပြစ်ဒဏ်ကျခံနေရသူများပြားကြောင်း နှင့် ကျိုင်းတုံအကျဉ်းထောင်မှ အကျဉ်းသား(၇၁)ဦးနှင့် အကျဉ်းသူ(၁၂)ဦး လွတ်မြောက်ရာတွင်လည်း မူးယစ်မှုဖြင့် ပြစ်ဒဏ်ကျခံရသူများပြားကြောင်း သိရသည်။

"ဒီနောက်ဆုံး အသုတ်မှာ အသက်ကြီးတဲ့ အကျဉ်းသားတွေ၊ ကလေးအကျဉ်းသားတွေနဲ့ မူးယစ်ဆေးဝါး အပြား(၃၉)နဲ့ အကျဉ်းကျခံရတဲ့ အကျဉ်းသားတွေ ဒါတွေ အများစု ပါပါတယ်"ဟု နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မေလ(၇)ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီအပါအဝင် သတင်းမီဒီယာများအား ဖြကြေားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတ၏ တတိယအကြိမ်မြောက် လွတ်ငြိမ်းသက်သာခွင့်အဖြစ် ၂၀၁၉ခုနှစ် မေလ(၇)ရက်နေ့တွင် (၆,၅၂၀)ဦး လွတ်ပေးလာရာ လွတ်ငြိမ်းသက်သာခွင့်၏ (၃)ကြိမ်စုစုပေါင်းတွင် အကျဉ်းသား(၂၃,ဝ၁၉)ဦး ပါဝင်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net