တာချီလိတ်မြို့တွင် ဇူလိုင်လ(၁၃)ရက်နေ့၏ နေ့တစ်ပိုင်းအတွင်း Covid-19 ကူးစက်ခံထားရသူ (၅၇)ဦး တွေ့ရှိ

တာချီလိတ်မြို့တွင် ဇူလိုင်လ(၁၃)ရက်နေ့၏ နေ့တစ်ပိုင်းအတွင်း Covid-19 ကူးစက်ခံထားရသူ (၅၇)ဦး တွေ့ရှိ
ဇူလိုင် 13, 2021 | Covid-19| ရှမ်းရှေ့

 တာချီလိတ်မြို့၏ ဆေးရုံဟောင်းအတွင်းသို့ ယနေ့ ဇူလိုင်လ(၁၃)ရက်နေ့ နေ့လည်(၁၂)နာရီအထိ လာရောက်စစ်ဆေးမှုခံယူသူများထဲတွင် Covid-19 ကူးစက်ခံရသူ (၅၇)ဦး ထပ်တိုးတွေ့ရှိကြောင်း သိရသည်။

ကျန်ရှိသည်များကိုလည်း ညနေပိုင်းအထိ ဆက်လက်စစ်ဆေးမည်ဖြစ်ပြီး ပိုးတွေ့သူများကို အာကစားရုံတွင် ထားရှိရန် ပြင်ဆင်ထားကြောင်းလည်း သိရသည်။

တာချီလိတ်မြို့အား Stay at Home အဖြစ် သတ်မှတ်ထားပြီး ဇူလိုင်လ(၁၃)ရက်နေ့ကစ၍ အကြုံးဝင်မည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။